Monday, December 5, 2016


ဝအမျိုးသမီးများအတွက် ကျောက်ချဉ် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ကျန်မာရေးကိစ္စမှာ ဝန်ပိုတွေ ရှိကြပါတယ်။ အခု ကျမတင်ပြမယ့် အမျိုးသမီး ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းမှာ ကျောက်ချဉ်နဲ့ပတ်သက်ပြီး အစွမ်းထက်မြက်မှု တချို့ပါ။ ကျောက်ချဉ်လို့ ပြောလိုက်ရင် မြန်မာစာဖတ်ပရိသတ်တိုင်း သိနားလည်ပြီးဖြစ်နေပါလိမ့်မယ်။ လူတိုင်း၊ ပစ္စည်းတိုင်းမှာ သူ့ တန်ဘိုး ကိုယ်စီ အသီးသီး ရှိတတ်ကြစမြဲဖြစ်တာမို့ ကျောက်ချဉ်ကလည်း သူ့အစွမ်းက သီးခြားရှိပါတယ်။ ကျောက်ချဉ်ကို Alum လို့ ခေါ်ပြီး အလူမီနီယမ် ဆာလဖိတ်၊ ပိုတက်ဆီယမ် ဆာလဖိတ်တို့ပါဝင်တဲ့ ဓာတု တွင်းထွက် တမျိုး ဖြစ်ပါတယ်။ ကျောက်ချဉ်ဟာ အမျိုးသမီးတွေအတွက် အသုံးအတည့်ဆုံးတခုလို့ ပြောရင် မမှားပါဘူး။ မိန်းမပျိုက အစ၊ ကိုယ်ဝန်မရနိုင်လို့ ကလေးလိုချင်နေတဲ့ အိမ်ထောင်သည် အလယ်၊ သွေးဆုံးနေတဲ့ အမျိုးသမီးတွေအဆုံး ကျောက်ချဉ်က အလွန်အသုံးဝင်ပါတယ်။ အမျိုးသမီးကျန်းမာရေးမှာ အမျိုးသမီးတိုင်း မိန်းမကိုယ်သန့်ရှင်းရေးဟာ အလွန်အရေးကြီးပါတယ်။ အမျိုးသမီးတွေ ကိုယ်နံ့ ထွက်တာ၊ စိတ်လက် မလန်းဆန်းပဲ သွက်လက်မှု မရှိဖြစ်နေတာတွေဟာ၊ ယားယံတတ်တာတွေဟာ မိန်းမကိုယ် သန့်ရှင်းရေးကိစ္စနဲ့ တိုက်ရိုက်ပတ်သက်ပြီး အဆိုပါကိစ္စမှာ ကျောက်ချဉ်က အလွန်အသုံးတည့်ပါတယ်။ ဒီအပြင် ခုခေတ်မှာ နာမည်ကြီးနေပြီး ကာကွယ်ဆေးတွေ ငွေကုန်ခံ ထိုးနေရတဲ့ သားအိမ်ခေါင်း ကင်ဆာလိုမျိုး မဖြစ်ပွားအောင် ဟန့်တား ကာကွယ်နိုင်မှုမှာ ကျောက်ချဉ်ဟာလည်း အကျိုးအလွန်ရှိပါတယ်။ ကိုယ်ဝန်ကို ကျန်းမာစွာ လွယ်လိုသူ အိမ်ထောင်ရှင် အမျိုးသမီးတွေအတွက်လည်း ကျောက်ချဉ်က အစွမ်းထက်ပါတယ်။ ကလေးမရလို့ စိတ်ညစ်နေရသူများအတွက်လည်း အလွန်အသုံးတည့်ပါတယ်။ ဒီအပြင် ရာသီလာချိန် ခေါင်းကိုက်တာ၊ ကိုယ်လက် အဆစ်အမြစ်ကိုက်ခဲတာ၊ သွေးလန့်တတ်တာ၊ ရာသီ မမှန်ပဲ လာရန်ခက်ခဲတာတွေအတွက်လည်း ကျောက်ချဉ်က အသုံးဝင်ပါတယ်။ ပြီးတော့ သွေသား သန့်ရှင်းပြီး အသားအရေစိုပြေမှုတွေကိုလည်း ကျောက်ချဉ်က စွမ်းဆောင်စေပါတယ်။ ချွေးပေါက်ကျယ်တာအစ ဒွါရပေါက်တွေလည်း ကျယ်တာကိုလည်း ကျဉ်းစေတဲ့ သတ္တိရှိပါတယ်။ ကျောက်ချဉ်ကို အသုံးပြုပုံကတော့- အင်တုံတခု သို့မဟုတ် ပလပ်စတစ် ဇလုံကြီး တခုထဲမှာ ကျောက်ချဉ်ကို သင့်တင့်တဲ့ ပမာဏထည့်ပြီး ပျော်ဝင်သည်ထိ စောင့်ပါ။ ပြီးရင် အမျိုးသမီးများအနေနဲ့ မိမိရဲ့ မိန်းမကိုယ်ကို အဆိုပါ ဇလုံတွင်း ကျောက်ချဉ် ရေဖြင့် တနေ့လျှင် ၁၅ မိနစ်လောက် စိမ်ပေးပါ။ လုပ်နည်းလုပ်ဟန်က အင်မတန် ရိုးစင်းပြီးလွယ်ပေမယ့် နေ့စဉ်ပုံမှန် လုပ်ဆောင်ပေးခြင်း ဆိုတဲ့အရာကို အမျိုးသမီးတော်တော် များများမှာ အခက်အခဲတွေ့တတ်ကြပါတယ်။ ဒါကိုတော့ သတိပြုစေချင်ပါတယ်။ နေ့စဉ် ၁၅ မိနစ်တာ ကိုယ့်ကျန်းမာရေးအတွက် အချိန်ပေးပြီး ကျောက်ချဉ်ရေ စိမ်ပေးခြင်းကြောင့် ရရှိလာမယ့် ရလာဒ်က ကြီးမားလှပါတယ်။ ပျိုမေတို့မှသည် သက်ကြီးရွယ်အို အမျိုးသမီးကြီးတွေအထိ အသုံးတည့်ပြီး အကျိုးရှိတဲ့နည်းလမ်းတခုလည်းဖြစ်ပါတယ်။ ငွေကုန်ကျေးကျလည်း အလွန်နည်းပြီး ခက်ခဲမှုလည်းမရှိပါဘူး။ ဆရာဝန်ကြီးများ၏ အဖိုးတန် ကျန်းမာရေးသတင်းများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန် အောက်ပါလင့်အားနှိပ်ပါ။ https://www.facebook.com/Excel-Doctor-Myanmar-EDM-203782073340121/

Monday, June 20, 2016

ငုပင်နှင့်ပိတောက်ပင် ဆေးအသုံး

အာယုဗ္ဗေဒဆေးကျမ်းအဆို
မြန်မာနိုင်ငံတွင် ငုပန်းပင်ကို ငုကြီး သို့မဟုတ် ငုရွှေဝါဟု လူတိုင်း သိရှိထားကြပါသည်။ မြန်မာဘာသာ ပြန် အာယုဗ္ဗေဒကျမ်းတွင် ငုပင်နှင့် ပတ်သက်၍ တိုင်းရင်းဆေးဝါးအသုံး ပြုနည်းကို ကျန်းမာရေးစောင့်ရှောက် ရာတွင် ဗဟုသုတ ရနိုင်စေရန် ရည် ရွယ်ဖော်ပြထားပါသည်။

ငုပင်၏ အရသာနှင့် အာနိသင်
ငုသီးသည် ချိုသက်သက်ဖြစ်၏။ ဝိပါက ချဉ်စပ်၏။ လေး၏။ ဝမ်းမီးကို စင်ကြယ်စေ၏။ အရွက်သည် နူးညံ့စွာ ဝမ်း သက်၏။ အပွင့်သည် အေး၏။ ခါး၏။ ဖန်၏။ အနှစ်သည် ဝိပါက ချဉ်ချို၏။ ဝမ်းမီးကို ပွားစေ၏။ ဝမ်း ကို သက်စေ၏။

ငုပင်၏ ဂုဏ်စွမ်းရည်
ကြေကျက်ခဲ၏။ နှုတ်မြိန်စေ၏။ အဖျား၊ နှလုံး၊ ရတ္ထပိတ်နာ၊ လေချုပ်၊ လေထိုးအောင့်နာတို့ကိုနိုင်၏။ အသီး သည်
နှုတ်မြိန်စေ၏။ နူနာကို ပယ် တတ်၏။ သည်းခြေကို ထုတ်ဆောင် တတ်၏။ သလိပ်ကိုနိုင်၏။ အဖျား၌ ကောင်း၏။ အရွက်သည် သလိပ်နှင့် အဆီကို ခြောက်စေ၏။ အဖျားနှင့် အခါခပ်သိမ်း သင့်၏။ မလကိုတို့ကို လျော့ပါးစေတတ်၏။ အနာပေါက်၌ အသားနုတက်စေ၏။ အဆစ်ရောင် ရောဂါ၌လည်း ကောင်း၏။ အပွင့် သည် နှုတ်ကိုမြိန်စေ၏။ သလိပ်၊ သည်းခြေကိုနိုင်၏။ အနှစ်သည် နူးညံ့ ၏။ လေသည်းခြေကို နိုင်၏။ အမြစ် သည် အရေပြား နူနာ၊ အဆုတ်နာနှင့် လိင် နမိတ်ရောဂါတို့ကို ပျောက်ကင်း စေ၏။

အာယုဗ္ဗေဒတိုင်းရင်းဆေးကုထုံးများ
လေနှင့်ပတ်သက်သောရောဂါနှင့် သွေးရောဂါတို့တွင် ငုအမြစ်ကို နွားနို စစ်စစ်နှင့် ပြုတ်ဆေးအတိုင်း စနစ် တကျ ပြုတ် ၍ရရှိသော ပြုတ်ဆေး ရည်ကို လူကြီးဆေးတစ်ခွက်စာအဖြစ် ဟင်းစားစတီးဇွန်း နှစ်ဇွန်းစာကို သောက်၍ ကုသနိုင်ပါ သည်။ ထို့အပြင် ပိုးဝင်ခြင်းများ၊ အပူလောင်ခြင်း တို့အတွက် ကုသနိုင်ပါသည်။

ချေးသီးစက်ထိလျှင် ကုသနည်း
ပရဆေးဆိုင်တွင်ဖြစ်စေ၊ ချေးသီး ပင်မှ ချေးသီးများကို ခူးဆွတ်သူတွေ ဖြစ်စေ၊ ပရဆေးဝါးများကို ဖော်စပ်ရာ တွင်ဖြ စ်စေ ချေးသီးစက်များနှင့် ထိ တွေ့မိပြီး အန္တရာယ်ဖြစ်လာလျှင်ငုရွက် ကို ထုထောင်း၍ ရရှိသောအရည်ကို မကြာခဏ လိမ်းပေးခြင်းဖြင့် ချေးသီး အဆိပ်ကို ပြေစေနိုင်ပါသည်။

ရေယုန်ကြီးနာ ကုသနည်း
ရေယုန်ကြီးနာကို ကုသရာတွင် အသုံးပြုနည်းမှာ ငုရွက်ကို ထုထောင်း ၍ရရှိသော အရည်ကို နှစ်နာရီလျှင် တစ်ကြိမ် ကျ ရေယုန်ကြီးနာကို လိမ်းပေးရန် ဖြစ်သည်။

ကလေးရောဂါကုသနည်း
ကလေးများတွင် ဝမ်းဖော ဝမ်းရောင်နှင့် လေထိုးခြင်းဖြစ်ပါက ငု အသီး၏ အနှစ်ရည်ကို ကလေးသူငယ်တို့၏ ချက်ပတ် လည်တွင် လိမ်းပေးပါက သက်သာပျောက်ကင်းစေနိုင်ပါသည်။

အရေပြားရောဂါ
အာယုဗ္ဗေဒဆေးပညာအရ နူနာရောဂါအား ငုရွက်ကို ထု ထောင်းကြိတ်ပြီး ရရှိသော အရည် ကို လေးနာရီခြား တစ် ကြိမ်ကျ လိမ်းပေးပါက သက်သာစေနိုင်ပါ သည်။ သွေးရောဂါ၊ ဝဲခြောက်ရောဂါ စတဲ့အရေပြား ကျန်းမာရေးပြဿနာ များကိုကုသသည့် ဆေးနည်းကောင်း တစ်လက်မှာ ငုပင်၏ ပဉ္စငါးပါး (အမြစ်၊ အခေါက်၊ အသီး၊ အရွက်) တို့ကို စုပေါင်းစပ်၍ ဆေးတောင့် ပြု လုပ်ထားပါ။ အဆိုပါ ဆေးတောင့်ကို ဆေးကျောက်ပျဉ်တွင် သွေး၍ လိမ်း ဆေးအဖြစ် အသုံးပြုနိုင်ပါသည်။

ဆီးလမ်းကြောင်းနဲ့ ပတ်သက်သော ရောဂါများ
ဆီးနှင့်ပတ်သက်၍ ဆီးအောင့် ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးတွင် သွေးပါ ခြင်းဖြစ်လျှင် ငုသီးအနှစ်ရည်ကို ချက်တစ်ဝိုက်တွင် လိမ်းပေးပါ။ အထူး သဖြင့် ချက်တစ်ဝိုက်ကို နေ့ဘက်တွင် မကြာခဏ လိမ်းပေးနိုင်ပါသည်။

နားနှင့်ပတ်သက်သော ရောဂါ
ငုပင်၏ ပြုတ်ဆေးရည်ကို စနစ် တကျပြုတ်၍ ဆေးရည်ကို နားတွင် ခတ်ပေးလျှင် (နားအစက်ချဆေး) နားနှင့်ပတ် သက်သော ရောဂါဝေဒနာ များကို ကုသဆေးအဖြစ် အသုံးဝင်ပါ သည်။

အသက်ရှုလမ်းကြောင်းရောဂါ ကုသနည်း
ငုပင်၏အနှစ်ကို စနစ်တကျ ပြုတ်ဆေးအဖြစ် ပြုတ်ထားသော ပြုတ်ဆေးရည်ကို လူကြီးဆေးတစ် ခွက်စာပမာဏ အဖြစ် ဟင်းစားစတီး ဇွန်းတစ်ဇွန်းစာနှင့် တစ်ကြိမ်သောက် ပေးရပါသည်။ ဆေးကို လေးနာရီခြား တစ်နေ့လေး ကြိမ်သောက်ပေးပါ။ အ သက်ရှူလြွေပန်ဆိုင်ရာရောဂါကိုသက် သာပျောက်ကင်းစေနိုင်ပါသည်။ ဤ ဆေးရည် ကို သောက်ပေးခြင်းဖြင့် ဝမ်း အနည်းငယ်သွားစေနိုင်ပြီး အသက်ရှူ ခြင်းဆိုင်ရာ အခက်အခဲများ ကို လျှော့ချပေးနိုင် ပါသည်။

ကျပ်တီးနာနှင့် ဝှေးဥရောင်ကုသနည်း
ငုပင်အမြစ်ကို ဆေးကျောက်ပျဉ် တွင် သွေးပါ။ ရရှိသည့်အရည်ကို ရှူ ပေးခြင်းဖြင့်လည်းကောင်း၊ လိမ်းဆေး အဖြစ် လည်းကောင်း အသုံးပြုပေးပါ က ကျပ်တီးနာကို သက်သာစေပါ သည်။ ဝှေးဥရောင်ရောဂါကို ကုသရန် ဆေးဝါးဖော် စပ်နည်းမှာ ငုအနှစ် ငါး ကျပ်သားကို ရေခုနစ်ကျပ်ရှစ်ပဲသား နှင့် ကျို၊ ရေ ငါးမတ်သားခန့် ကျန် သောအခါ နွားနို့စစ်စစ် သို့မဟုတ် ထောပတ် နှစ်ကျပ်တစ်မတ်သားနှင့် ရောသောက်၍ ဆေးတစ်ခွက်စာ အဖြစ် အသုံးပြုနိုင်ပါသည်။

ဝမ်းချုပ်ခြင်းကုသနည်း
ဝမ်းချုပ်ခြင်းအတွက် ငုသီးမှ အနှစ်တစ်ဆ၊ မန်ကျည်းအနှစ် တစ်ဆ တို့ကို ညနေတွင် ရေတစ်ဖန်ခွက်နှင့် စိမ်ထားပါ။ ညအိပ်ရာဝင်ချိန်မှာ စိမ်ရေ ကို စစ်၍ သောက်ပေးပါ။ နောက် တစ်နေ့နံနက်ပိုင်းတွင် ဝမ်းသည် ကောင်းစွာ သက် ဆင်းစေပြီး ဝမ်းချုပ် ခြင်းမှ ကင်းစေ၍ ကျန်းမာရေးကို ပိုကောင်းစေပါသည်။

အဆစ်ရောင်ရောဂါကုသလိုလျှင်
အာယုဗ္ဗေဒဆေးပညာအရ ဖောက်ပြန်သော၊ ဒေါသအလျှောက် ဖြစ်တတ်သော အဆစ်ရောင်ကုထုံး များကို ပိုင်းခြား ထားပါသည်။ လေ အားနည်းခြင်းကြောင့် ခံစားရသော အဆစ်ရောင်ရောဂါကို ကုသရာ၌ ငုရွက်ကို အပူပေးပြီး ကြပ် ထုပ်ဆေး အဖြစ်ထိုးပေးခြင်းဖြင့် သက်သာစေ နိုင်ပါသည်။

မြန်မာပိတောက်ပင် အာယုဗ္ဗေဒဆေးပညာဂုဏ်နှင့် စွမ်းရည်
အာယုဗ္ဗေဒဆေးပညာရှင်များ သည် ပိတောက်စေးကို ဆေးဝါးဖော် စပ်ရာတွင် ထည့်သွင်းအသုံးပြုလေ့ ရှိကြပါသည်။ ခါး၏၊ ပူ၏၊ ဝိပါက၌ စပ်၏၊ ဝမ်းကိုသက်စေ၏၊ ပိုးကို ပယ်တတ်၏၊ ဆံပင်တို့ကို ကောင်းစေ၏၊ လည်ပင်းရောဂါ၊ သွေး ကွက်၊ နူနာ၊ ရေယုန်၊ တူလာသရောနာ၊ ဝစ္စမင်္ဂ ၌ဖြစ်သော ရောဂါ၊ သွေးအန်၊ သွေး ကျ၊ အရေပြားရောဂါ စသည်တို့ ကို ပျောက်ကင်းစေ၏။

အာယုဗ္ဗေဒကုထုံးများ အတိဿရဝမ်းရောဂါ
အတိဿိဿိဿရဝမ်းးရောဂါ အာယုဗ္ဗေဒကုထုံးတွင် အတိဿ ဝမ်းရောဂါဆိုသည့်ဝေါဟာရမှာ ဝမ်း အဆက်မပြတ် သွားသော ကာလဝမ်း ရောဂါမျိုးကဲ့သို့ ရောဂါများကို ဆိုလို ပါသည်။ သွေးဝမ်းသွားခြင်း၊ မီးယပ် သွေးလွန်ခြင်း အစရှိ သည့် ရောဂါ များတွင် ပိတောက်ပင် အစေးတစ်ပဲ သားကို ရေသန့်နှင့် ဖျော်၍ လူကြီး ဆေးတစ်ခွက်စာအဖြစ် အသုံးပြုနိုင် ပါသည်။

အရေပြားရောဂါ နှင့် သွားရောဂါ
အရေပြားတွင် ထိခိုက်ရှနာဖြစ်၍ နာကျင်ကိုက်ခဲခြင်းများဖြစ်လျှင် ပိ တောက်ပင်အသားကို ဆေးကျောက် ပျဉ်တွင်
သွေး၍ရရှိသောဆေးရည်ကို လိမ်းပေးနိုင်ပါသည်။ သွားကိုက်လျှင် ကုသရန်နည်းမှာ ပိတောက်ရွက် ငုံဆေး၊ ပလုတ် ကျင်းဆေးအဖြစ် အသုံးပြုပေးခြင်းဖြင့် သွားနှင့်ခံတွင်း တို့တွင် ဖြစ်ပေါ်စေတတ်သော သွား နာခြင်း၊ သွားကိုက်ခြင်း၊ ပါးစပ်ပူ လောင်ခြင်း၊ လျှာပူခြင်း၊ ခံတွင်းအနံ့ ဆိုးဝါးခြင်းတို့ကို သက်သာစေနိုင်ပါ သည်။ စာဖတ်ပရိသတ်များ နေထိုင် ရာတစ်ဝိုက်တွင်ရှိသော ငုပင်နှင့် ပိ တောက်ပင်တို့ဖြင့် ရောဂါငယ်များကို လတ်တလော တိုင်းရင်းဆေးဝါးကုနိုင် သည့်
ဆေးနည်းများကို လူတိုင်း လက် တွေ့အသုံးပြုနိုင်ပါသည်။

Credit to ကျော်တင့်ဆွေu

Sunday, April 24, 2016


ဒီတစ်ခါတော့ မက်ဆေ့ကနေ အမေးများကြတဲ့ အမျိုးသားများအတွက် သီးသန့်ဆေးနည်း တစ်ခုကို ရှာဖွေပြီး မျှဝေပေးလိုက်ပါတယ်။ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများကတော့ ခဏသည်းခံပေးကြပါ။ ကျန်းမာရေး ဗဟုသုတလို့ သဘောထားပေးပါ။ အားအင်ကုန်ခမ်းပြီး စိတ်မရွှင်လန်းတဲ့ အမျိုးသားများ အများအပြားရှိနေတာကို တွေ့ရပါတယ်။ ဆေးနည်းကို တောင်းလာကြတဲ့သူလည်း များပြားနေပါတယ်။ အခုပုံထဲမှာ မြင်ရတဲ့အပင်ကို အင်္ဂလိပ်လို Argemone Mexicana လို့ ခေါ်ပါ တယ်။ ဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ မြန်မာလို ခရာပင်လို့ခေါ်ပြီး ပင်လယ်နဲ့နီးတဲ့ နေရာ၊ ချောင်းရိုး၊ မြောင်းရိုးများမှာ ပေါက်တတ်ကြပါတယ်။ ဆူးကလေးတွေ ပါတယ်။ ဆေးနည်း (၁) ခရာပင်၏ ပဉ္စငါးပါးစလုံးကို မြေမှုန့်များ၊ ရေငံဓါတ်များ စင်ကြယ်သွားသည့်အထိ အထပ်ထပ် ဆေးကြောပါ။ (၂) ပြီးလျှင် ပြုတ်ရလွယ်အောင် အပိုင်းပိုင်း ခုတ်ဖြတ်ပါ။ (၃) မြေအိုး သို့ ရိုးရိုးအိုးထဲကို ထည့်၊ ရေထည့်ပြီး ကျိုပါ။ (၄) စမုံမျိုးငါးပါးကို ထောင်းပြီးထည့်ပါ။ (ပရဆေးဆိုင်မှာ မေးဝယ်ပါ) (၅) ရေထက်ဝက် ကျန်သည့်အထိ ကျိုပါ။ (၆) အောက်ချ၊ အအေးခံပြီး အရည်ကို စစ်ယူပါ။ (၇) တစ်ခါသောက်စာ လက်ဖက်ရည် ပန်းကန်လုံးခန့်ကို ဒိုဘာလာ သဘာဝ သကြားခဲ သောက်နိုင်ရုံ သင့်တော်သလောက် ထည့်၍ မနက်၊ ည တစ်နေ့ ၂ ခွက် သောက်ပါ။ ကုန်ခမ်းသွားသော အမျိုးသားအားအင်များ ပြန်လည်ပြည့်ဝလာမည်။ စိတ်ရွှင်လန်းလာစေမည်။ ကျန်းမာရေး ရှုထောင့်ဖြင့် ရေးသားမျှဝေပေးလိုက်ပါတယ်။ အိမ်ထောင်မှု သုခပြည့်ဝ၍ သာယာပျော်ရွှင်နိုင်ကြပါစေ

Sunday, April 17, 2016


အစာအိမ်အောင့်လာရင် အရေးပေါ်ဆေးနည်း အစာအိမ်အောင့်လာလို့ မခံမရပ်နိုင်ဖြစ်လာရင် အရေးပေါ်ဆေးနည်းလေး ရှိပါတယ်။ ဂျပန်လူမျိုးများရဲ့ ရိုးရာဆေးနည်းတစ်ခုလို့ သိရပါတယ်။ ကြက်ဥ သို့ ဘဲဥတစ်လုံးကို ပန်းကန်လုံးထဲ ဖောက်ထည့်၊ အနှစ်ကို ဖယ်ထားပြီး အကာထဲကို ဆိုးဆေးမပါတဲ့ သဘာဝသကြားညို အနည်းငယ်ထည့်၍ သောက်လိုက်ပါ။ အစာအိမ်ကြောင့် ဗိုက်အောင့်ဗိုက်နာ ချက်ချင်းပျောက်ပါတယ်။ အရေးပေါ် ဆေးနည်းလေးပါ။ အမြဲသောက်ရန် မသင့်ပါ။ လူသားအားလုံး ကျန်းမာရွှင်လန်းကြပါစေ။ စောနွဲ့ နေဆိုင် (ပူတာအို) ကိုးကား - Daily Health Tips စောနွဲ့ နေဆိုင် - ပူတာအို .
: ရေယုံအတွက် ဆေးနည်းများ ရေယုံပေါက်လို့ စိတ်ညစ်နေရင် အောက်ပါ သဘာဝဆေးနည်းများဖြင့် ကုသနိုင်ကြပါတယ်။ (၁) ကင်းပုံအရွက်ကို အရည်ညစ်ယူ၍ ၄င်းအရည်ဖြင့် မကြာခဏ တို့ပေးပါ။ (၂) တမာရွက်ကို မီးရှို့ပြာချပြီး ၄င်းပြာကို အုန်းဆီနဲ့ လိမ်းပေးပါ။ (၃) ရွှေဖရုံရွက်ကို မီးရှို့ပြာချပြီး ၄င်းပြာကို အုန်းဆီနဲ့ လိမ်းပေးပါ။ (၄) အုန်းသီးအခွံကို မီးရှို့ပြီး ထွက်လာတဲ့အဆီနဲ့ တို့ပေးပါ။ (၅) လေးညှင်းပွင့်ကို ကျောက်ပြင်နဲ့သွေး၊ ၄င်းအရည်ကို ကွမ်းစားထုံးနဲ့အတူ လိမ်းပေးပါ။ (၆) ခွေးတောက်ရွက်ကို ကြိတ်ချေပြီး အနာပေါ် အုံပေးပါ။ ၄င်းဆေးနည်းတွေထဲက ကိုယ်နဲ့အဆင်ပြေလွယ်ကူတဲ့ နည်းများနဲ့ ကုသနိုင်ကြပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိတဲ့ သဘာဝဆေးနည်းများဖြစ်လို့ စိတ်ရှည်ရှည်လေးတော့ လုပ်ပေးရပါတယ်။ ရေယုံကို ဆပ်ပြာ၊ နှုတ်ခမ်းနီအမျိုးမျိုးနဲ့ရေ မထိအောင် ဂရုစိုက်ပေးပါ။ လူသားအားလုံး ကျန်းမာချမ်းသာနိုင်ကြပါစေ။ စောနွဲ့ နေဆိုင် (ပူတာအို)

ကျောက်ကပ်ကျောက်တည်သူများ ဆီးလမ်းကြောင်းကျောက်တည်သူများအတွက် မြန်မာ့ဆေးနည်းတစ်ခု* ဓါတ်ပုံမှာပါတဲ့ဆေးပင်ကလေးဟာ လမ်းဘေး သို့မဟုတ် ကွင်းပြင်တွေမှာပေါက်ရောက်တတ်ပါတယ်။ အဲဒီအပင်လေးကိုဟင်းနုနွယ်ဆူးပေါက်လို့ဆေးပညာ စသင်ပေးခဲ့တဲ့အဖိုးကပြောပြပါတယ်။ သည်အပင်လေးဟာ ဟင်းနုနွယ်မျိုးနွယ်ပါပဲ ဒါပေမဲ့ သူရဲ့ထူးခြားချက်ကဆူးကလေးတွေပါနေတာပါ။ ကျနော့ကိုဆေးပညာသင်ပေးခဲ့တဲ့ကျနော့အမေရဲ့ အဖေကျနော့အဖိုးဟာ ဆီးပူဆီးအောင့်ဆီးသွေးပါ ဆီးကျောက်တည်တဲ့လူနာတွေတွေ့တိုင်း သည်ဟင်းနုနွယ်ဆူးပေါက်ပင်တစ်ပင်လုံးကို ရေနဲ့သန့်စင်အောင်ဆေးပြီးဓါးနဲ့နုတ်နုတ်စင်းကာ ရေကိုရေဖလားတစ်ခွက်ခန့်ထည့်ပြီးအိုးတစ်လုံးနဲ့ကျို ပါတယ်။ဆေးပြုတ်ရည်အဖြစ်ဖန်တီးလိုက်တာပါ။ ပြုတ်ရည်ရပြီဆိုရင်အအေးခံပြီး ပြုတ်ရည်မှာသကြား ခပ်ကာ လူနာကိုသောက်နိုင်သလောက်နည်းနည်း ချင်းစတိုက်ပါတယ်။နေ့တိုင်းလည်း ဟင်းနုနွယ်ဆူးပေါက်အပင်သစ်နဲ့ကြိုသောက်ခိုင်းပါ တယ်။ ထိုအခါလူနာမှာကျောက်ကြောင့်အောင့်ခြင်း ကိုက် ခြင်းနာခြင်းများသက်သာ၍ကျောက်များထွက်ကျလာ ပါတော့သည်။ ကျောက်သေးရင်တော့ အမှုန့်ဖြစ်ကာပျော်ကျစေပါ တယ်။ ဆီးအိမ်ကျောက်ကပ်ဘယ်နေရာမှာပဲကျောက်ရှိရှိ သည်ဆေးပင်လေးကပျောက်ကင်းအောင်အစွမ်း ထက်ကုသနိုင်ပါကြောင်း အဖိုးပေးခဲ့သောဆေးနည်း အားစေတနာဖြင့်လက်ဆင့်ကမ်းပါသည်။ credit>>>Nay MinLay(မြန်မာ့ဆေးပညာ ၁/ရန်ကုန်) နေလ တိုင်းရင်းဆေးခန်း ပုသိမ်မြို့။l

Tuesday, April 12, 2016


ဆေးဖက်ဝင် အလိုကျူပင် ~~~~~~~~~~~~~~~~~ အလိုကျူပင်များသည် မြက်မျိုးရင်းတွင် ပါ၏။ ရုက္ခဗေဒအမည် Arundo Donax Linn ဟုခေါ်သည်။ မြက်ပင်မျိုးဖြစ်၍ ကျူပင်နှင့်တူသည်။ နှစ်ရှည်စွာ ခံသည်။ အမြင့်ပေ ၁၈ ပေထိ မြင့်သည်။ မြေအောက်တွင် အမြစ်အုံရှိ၏။ ပင်စည်တွင် အခေါင်းပေါက် ပါရှိ၏။ အရွက် များ ရွက်လွဲထွက်သည်။ ၁ ပေမှ ၂ ပေထိ ရှည်သည်။ ရွက်ပြားချော၏။ သေး၍ ရှည်ပြီး အဖြားချွန်သည်။ ရွက်ရင်း၌ အမွေးနုကလေးများပါရှိသည်။ အပွင့်များသည် အညိုရောင်ဖြစ်ပြီး အခိုင်လိုက်ပွင့်သည်။ ကိုင်းပွင့်နှင်တူသည်။ အလေ့ကျပေါက်သောအပင်ဖြစ်၏။ အထက် မြန်မာပြည် ဗန်းမော်၊ ကသာ စသည့် မြို့များတွင် များစွာ ပေါက်သည်ကို တွေ့ရှိရ၏။ ဆေးဖက်တွင် အမြစ်အုံကို အသုံးပြုကြ၏။ မြန်မာ့ဆေးကျမ်းများအလိုအရ အလိုကျူ၏ အကျိုးသွား အာနိသင်မှာ အေး၏၊ ချို၏၊ ဖန်၏၊ ခါး၏။ ၀မ်းမီးကိုတောက်စေ၏။ လေသလိပ်ကို ကြေစေ၏။ သည်းခြေကို ပယ်တတ်၏။ သွေးဖောက်ပြန်ခြင်းကို ပျောက်ကင်းစေတတ်၏။ နှုတ်ကို မြိန်စေ၏။ ဆီးကို ရွှင်စေ၏။ သုက်ကို ပွားစေ၏။ အသက်ရှူအား ကောင်း၏။ နှလုံး၊ ဆီးအိမ်၊ သားအိမ်တို့၌ ပူခြင်း၊ ကိုက်ခဲခြင်းများကို ပျောက်ကင်းစေ၏။ ရေယုန်ရောဂါကိုလည်း ပျောက်ကင်းစေ၏။ ဆေးဖက်ဝင် အသုံးပြုပုံ -------------------------- (၁) ညောင်းကျရောဂါနှင့် ဆီးရောဂါများအတွက် အမြစ်အုံ ပြုတ်သောက်က ပျောက်၏။ (၂) အမျိုးသမီးများ ရိဖြူ၊ ရိနီ ဆင်းပါက အလိုကျူပြုတ်ရည် ၅ ကျပ်သား၊ ကြွေပုတ်မှုန့် ၁ ကျပ်သား ရောထည့်သောက်က ပျောက်၏။ (၃) အလိုကျူရွက်ခြောက်ကို လက်ဖက်ခြောက်ဖြင့် ရော၍ သောက်ပေးပါက ကာမကို တိုးပွားစေပြီး ညောင်းညာကိုက်ခဲခြင်းများ ပျောက်၏။ (၄) ဆီးရောဂါအမျိုးမျိုးနှင့် မီးယပ်ရောဂါများအတွက် အလိုကျူ ၁၀ ကျပ်သား၊ ကြွေပုတ် ၅ ကျပ်သား၊ သိန္ဓော ၂ ကျပ်သား ဆင်နှာမောင်း ၅ ကျပ်သား၊ လိပ်ကျောက်ဆူး ၁ ကျပ်သား ရော၍ အမှုန့်ပြုပြီးလျှင် ၁ ကျပ်သားခန့် နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပေးခြင်းဖြင့် ပျောက်ကင်းစေပါသည်။ ဆီးကျောက်တည် ရောဂါ၊ ဒူလာသွေးဝမ်းသွားခြင်းများပါ ပျောက်ကင်းနိုင်ပါသည်။ Credit: Dr-Thet Swe

Sunday, April 3, 2016


ရိုဟင်ဂျာ အမည်ခံသူများ အကြောင်း နှင့် ပတ်သက်၍ ထိုင်းသတင်းစာများ မှ ကူးယူ ဖေါ်ပြသည် ဟူသော ဆောင်းပါး၌ “ရိုဟင်ဂျာ ဆိုတာ လူဦးရေ ၇ သိန်းကနေ၊ ၁.၅ သန်းထိရှိပြီး အေဒီ ၇-ရာစု လောက်က ရခိုင်ပြည် မြောက်ပိုင်း တဝိုက်စီးပွား ကုန်သွယ် အလုပ် နဲ့ ရွှေ့ပြောင်း အခြေချ လာတဲ့ အာရပ် လူမျိုးစု ကနေ တဆင့် မူဆလင် ဖြစ်လာကြတာ”ဟု ရေးသား ဖေါ်ပြထား သည်ကို တွေ့ရှိရ၍ အံ့သြသင့် ရပါသည်။ ဤဆောင်းပါး ကို ဖေါ်ပြသော ထိုင်း သတင်းစာ များသည် ရိုဟင်ဂျာ ဆိုသူများ ထံမှ ရရှိ သော အချက်အလက် ဖြစ်ဟန်တူသည်။ ရောက်တဲ့နေရာမှာ လူမျိုးရေးအရ၀ါးမျိုရန်ကြိုးစားနေသော ဘင်္ဂလီကုလားများ၊ ထိုင်းနိုင်ငံတွင် မွတ်စလင်ခွဲထွက်သူပုန်တို့၏ အကြမ်းဖက်မှုကို အပြင်းအထန်နှိမ်နင်းနေရသောကြောင့် ထိုင်းနိုင်ငံမှ ဘင်္ဂလီကုလားများကို မည်သည့်အကြောင်းပြချက်နဲ့မဆို နိုင်ငံတွင်းသို့ တရားမ၀င်လာရောက်ခွင့်ကို ပြင်းပြင်းထန်ထန် အရေးယူလျက်ရှိသည်။ အမှန်မှာ ၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင် လက်ထက် ရခိုင် ဘုရင့် နိုင်ငံတော် ကို ဗမာ ဘုရင် သိမ်းပိုက် သဖြင့် ရခိုင် ဘုရင် မင်းစောမွန် သည် ဘင်္ဂလား ဒေသရှိ ဂေါလ်ဒေသ သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ဂေါလ် က ကောင်း မွန်စွာ လက်ခံခဲ့သည်။ ဘင်္ဂလား ဂေါလ် ဆူလတန် ဘုရင် ၏ အကူအညီ ဖြင့် ရခိုင် ထီးနန်း ကို အရ ယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက်ဦးမြို့တည်၍ မြောက်ဦးခေတ် ကို စတင် တည်ထောင် ခဲ့ပါသည်။ မြောက်ဦးခေတ် တွင် ရခိုင့် တပ်မတော်၌ အာရပ် မှစစ်သည် တော်များ၊ ဥရောပ မှ ပေါ်တူဂီများ နှင့် ဂျပန် တို့ပါအမှုတော် ထမ်းခဲ့သည်ကို တွေ့ရှိရ သည်။ ယင်းအာရပ် မှစစ်သည်တော် မျိုးဆက် အများစုမှာ သံတွဲ၊ရမ်းဗြဲကျွန်း နှင့် မြောက်ဦးမြို့ ပတ်ဝန်းကျင်တွင် နေထိုင်ကြပါသည်။ ယင်း တို့ကို ရခိုင် တို့က ကမန် ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည် ၌ တိုင်းရင်းသား မျိုးနွယ်စု အဖြစ် အသိ အမှတ်ပြုထား ပါသည်။ ယင်းမူဆလင် ဘာသာဝင် ကမန် တို့သည် ရခိုင်ပြည်၌ ပြဿနာ ဖန်တီးခြင်း၊ ရခိုင် တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေး အဓိကရုဏ်း ဖန်တီးခြင်းမျိုး ကို လုံးဝ ပြုလုပ်ခြင်း မရှိဘဲ၊ ရခိုင်ပြည် နှင့် ရခိုင် လူမျိုး အပေါ် သစ္စာ ရှိရှိဖြင့် ရခိုင် တို့နှင့် အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ နေထိုင် လာခဲ့ကြသော လူမျိုး တမျိုး ဖြစ်သော ကြောင့် ရခိုင်ပြည် ၌ ဤကဲ့သို့ မူဆလင် ဘာသာ ကိုးကွယ်သော ရခိုင် တိုင်းရင်းသား ကမန် လူမျိုး ရှိသည်ကိုပင် သတိပြု မိကြဖူးမည် မဟုတ်ပေ။ သို့သော် မိမိ ကို မိမိ ရိုဟင်ဂျာ ဟု ကြွေးကြော် နေသူများ မှာ ၁၈၂၅-နောက်ပိုင်း ရခိုင် ကို အင်္ဂလိပ် တို့ သိမ်းပိုက် ပြီးမှ ဝင်ရောက် လာသော မူဆလင် ဘာသာ ကိုးကွယ်သည့် စစ်တကောင်း တောင်းတန်း နေ ဘင်္ဂလီ များသာ ဖြစ်သည်။ ၁၈၂၅-တွင် ရခိုင်ပြည် ၌ မူဆလင် ဦးရေ ၃၀,၀၀၀ ရှိခဲ့ရာမှ ၁၉၃၀ ပြည့်တွင် ၂၁၇၈၀၀-ရှိခဲ့ရာ ဗြိတိသျှ အစိုးရ က မူဆလင် ဦးရေ တိုးလာမှု ကိစ္စ ကို စိုးရိမ် လာသောကြောင့် အခြေအနေ စုံစမ်းရန် ၁၉၃၉ ၌ စုံစမ်းရေး ကော်မရှင် တစ်ခု ဖွဲ့စည်း ပေးခဲ့သည်။ ကော်မရှင် က မူဆလင် ဦးရေ အတားအဆီး မရှိ တိုးဝင် လာမှုကို မဟန့်တား ပါက နောင်အခါ ၌ လူမျိုးရေး ပဋိပက္ခ များ ဖြစ်နိုင်ကြောင်း အစီရင် ခံခဲ့သော်လည်း ဒုတိယ ကမ္ဘာ စစ်ကြောင့် မည်သို့မျှ မလုပ် နိုင်ခဲ့ပေ။ အစီရင် ခံသည့် အတိုင်းပင် ၁၉၄၂-တွင် ကုလား-ရခိုင် အဓိကရုဏ်း ဖြစ်ခဲ့ လေသည်။ မောင်တော မြို့နယ် ရှိ ရခိုင် ရွာအား လုံး ဖျက်ဆီး ခံရသည်။ ရခိုင် တချို့မှာ ပြည်တွင်း သို့ဝင်ပြီး၊ တချို့ မှာ အင်္ဂလိပ် ပိုင်နက် ဒိန်နာဂ်ျပူ သို့ထွက်ပြေး ခဲ့ကြရ သည်။ ၁၉၄၂-ဂျပန် များ ဝင်လာသော အခါ ရခိုင် များကို သတ်ဖြတ် ခဲ့သော ကုလား အဖွဲ့သည် ဘာသာရေး အသွင် ပြောင်းကာ ဂျမေယာတူ အိုလမာ အသင်း ဖွဲ့စည်း ကြသည်။ အဖွဲ့ ဥက္ကဌ မှာ အုံမော်မျာ (ဘီအေဘီအယ်လ်) ဖြစ်သည်။ အုံမော် များ အဖွဲ့သည် အနောက် ပါကိစ္စတန် မှ အော်လနာမူဟာမတ် မူဇဟတ်ခန် နှင့် မော်နာအီဗြာဟိန်း တို့ကို ခေါ်၍ မူဂျာဟိန်း အဖွဲ့ ဖွဲ့စည်း ကြသည်။ ပါကိစ္စတန် နယ်သို့ ရခိုင်ပြည် ထည့်သွင်း ရေး အစီစဉ် ပင်ဖြစ်သည်။ စစ်ရေး အရ မြန်မာ စစ်တပ် နှင့် မယှဉ် ပြိုင်နိုင်သော မူဂျာဟိန်း တို့သည် အခြား တိုင်းရင်းသား များနည်းတူ အခွင့်အရေး ရလို၍ မစ္စတာ ဂေါ်ဖားက ရိုဟင်ဂျာ ဟူသော လူမျိုးသစ် တစ်ခုကို ၁၉၅၀- စက်တင်ဘာလ ထုတ် ဂါဒီးယန်း သတင်းစာ တွင် အသက် သွင်းခဲ့သည်။ သို့သော် ၁၉၅၁- ဇွန်လ တွင် ကျင်းပ ခဲ့သော အလယ် သံကျော် မူဆလင် ညီလာခံ ကမူ ရိုဟင်ဂျာ မဟုတ်ဘဲ ဗမာ မူဆလင် ကဲ့သို့ ရခိုင် မူဆလင် လူမျိုး ဟု ခေါ်ဝေါ်ရန် ဆုံးဖြတ် ခဲ့ကြသည်။ ရခိုင် တို့က ငါတို့ ရခိုင် တွင် မူဆလင် ဘာသာဝင် မရှိ ဟု ပြောလာကြသော အခါ ရိုဟင်ဂျာ ဘက်သို့ ဖေါက်ထွက် ရန် ထွက်ပေါက် ရှာ လာကြသည်။ ၁၉၆၀-ပတ်ဝန်းကျင် တွင် ရိုဟင်ဂျာ သတင်းစာ၊ ရန်ကုန် တက္ကသိုလ် ရိုဟင်ဂျာ ကျောင်းသား အသင်း ထိ လှုပ်ရှား လာခဲ့ကြသည်။ ၁၃၊ ၅၊ ၈၈ - နေ့က မောင်တော မြို့နယ် တွင် အလွန် ကြောက်မက်ဖွယ် ကောင်းသော ကုလား လှုပ်ရှားမှု တစ်ခုဖြစ်ပွား ခဲ့သည်။ ကုလား ၅၀၀၀၀-ခန့် သည် မောင်တော မြို့ကို အရပ် ရှစ်မျက်နှာ မှ ဝိုင်းပြီး ဟစ်အော် ကြွေးကြော် မီးရှို့သတ်ဖြတ် ရန် ချီတက် လာခဲ့ကြသည်။ လှုပ်ရှားမှု မှာ ညနေ ရှစ်နာရီခွဲ မှ နောက်တနေ့ နံနက် ၃-နာရီခွဲ အထိ ကြာခဲ့သည်။ သူတို့ ဘာသာ စကား ဖြင့် ဘုရားသခင် အလိုကျ တိုက်ပွဲ ဝင်ကြ၊ မင်းတို့ တိုင်းပြည် ငါတို့ တိုင်းပြည် ဖြစ်ရမည် ဟူ၍ ဟစ်အော် ကြ သည်။ ရခိုင်ပြည်နယ်ကို ဘာသာရေး၊ လူမျိုးရေးအရ ၀ါးမျိုရန်နှင့် အကြမ်းဖက်ဖောက်ခွဲ၊ သတ်ဖြတ်ရန်အတွက် ဤကဲ့သို့ မူဂျာဟစ်ကုလားဆိုးသောင်းကျန်သူများ (သို့) ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့များကို တည်ထောင်ခဲ့သည်။ (ရိုဟင်ဂျာသည် အကြမ်းဖက်အဖွဲ့အစည်း) ၁၉၄၂ မတိုင်မှီ က မောင်တော မြို့နယ် အတွင်း တည်ရှိ ခဲ့သော ရခိုင် ရွာပေါင်း ၁၉၅-ရွာ မှာ ၁၉၉၂ တွင် ၄၆ ရွာသာ ကျန်ပါ တော့သည်။ ကျန်ရွာ များအား မူဆလင် များက လူဦးရေ အသာစီး ရမှုဖြင့် သိမ်းပိုက် ခဲ့ကြ ပါသည်။ ဤသည်မှာ ရိုဟိန်ဂျာ ဆိုသူများ ပေါ်ပေါက် လာပုံ သမိုင်း အကျဉ်း ဖြစ်သည်။ လက်ရှိ အဖြစ်အပျက် များနှင့် တိုက်ဆိုင် ၍ အောက်ပါ ဆောင်းပါး ဖြင့် ချေပ တင်ပြ လိုက်ရ ပါသည်။ လိမ်လည်ခြင်း နှင့် ဟန်ဆောင်ခြင်း နောက်ကွယ်မှ ရိုဟိန်ဂျာ ဟူသော အသံ သည် ၁၉၈၈ လူထု အုံ-ကြွမှု နှင့် ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း အော်ကြီး ဟစ်ကျယ် ထွက် ပေါ်လာမှု နှင့်အတူ “ရိုဟိန်ဂျာ အမည်ခံ” ဘင်္ဂလီ မူဆလင် များ၏ စတန့်ထွင် လုပ်ဇာတ် ခင်းမှုများ လည်း Media များမှ တဆင့် ပလူပျံ ထွက်ပေါ် လာပါသည်၊၊ မိမိ တို့၏ သမိုင်းမှန်၊ ဖြစ်ရပ်မှန်များ ကို ဖုန်းကွယ် ၍ သမိုင်း လိမ်၊ ဖြစ်ရပ် လိမ်များ အစားထိုး တင်ပြကာ “ရိုဟိန်ဂျာ” အမည် ကိုသုံး၍ လူမျိုးသစ် ဖန်တီးရေး နှင့် နိုင်ငံသစ် ထူထောင်ရေး လုပ်ငန်းများ စနစ်တကျ အကွက်ချ လုပ်ကိုင် လာကြပါသည်၊၊ မှတ်မိ သလောက်၊ ၁၉၉၀ ရွေးကောက်ပွဲ တွင် ရိုဟိန်ဂျာ အမည် သုံး၍ ရွေးကောက်ပွဲ ဝင်ခဲ့မှု မရှိခဲ့ပေ။ ၁၉၈၈ လူထု အုံကြွမှု တွင်လည်း ရိုဟိန်ဂျာ အမည် အသုံး မပြုခဲ့ကြပေ၊၊ ၁၉၉၁ တွင် မူဆလင် အများအပြား ဘင်္ဂလားဒေ့ရှ် သို့ ထွက်ပြေး ခိုင်းပြီး ယင်း ဘင်္ဂလားဒေ့(ခ်ျ) ရှိ ဆင်းရဲသား များ၊ အခြေမဲ့ အနေမဲ့ များနှင့် ပူးပေါင်းကာ ဗမာ စစ်အစိုးရ နှိပ်စက် ညှင်းပမ်းမှု ကြောင့် လူ (၂၀၀၀၀၀) ကျော် ထွက်ပြေး ရကြောင်း စာရင်း ပြကာ ရိုဟိန်ဂျာ အမည် ကိုကမ္ဘာ ကျော် အောင် နည်းမျိုးစုံ လုပ်ကြံ ဖန်တီး လာကြ ပါသည်။ ၁၉၉၀ တွင် မြန်မာ နိုင်ငံသား အဖြစ် အသိအမှတ် ပြုခံ ထားရသော မူဆလင် များအား ရွေးကောက်ပွဲ ဝင်ခွင့် ပြုခဲ့သည် ကို ရိုဟိန်ဂျာ အမည်ဖြင့် ရွေးကောက်ပွဲ ဝင်ခဲ့ရ သလိုလို လိမ်လည် လှည့်ဖြား လာကြ ပါသည်။ ဘာသာရေး အစွန်းရောက် တချို့ ၏ ဤကဲ့သို့ လုပ်ကြံ ဖန်တီးမှု များ အစ ပိုင်းတွင် အောင်မြင် သယောင်ယောင် ရှိခဲ့သော်လည်း နောက်ပိုင်း တွင် တိမ်ကော လာပြီဖြစ်သည်။ အင်္ဂလိပ် အုပ်ချုပ်မှု လက်အောက်၌ လယ်ကူလီများ အဖြစ် ရခိုင်ပြည် သို့ လာရောက် လုပ်ကိုင် လာခါစ၌ စီးပွားရေး နှင့် ဘဝ ရပ်တည်ရေး ရည်မှန်းချက် သာရှိကြ သဖြင့် ဒေသခံ ဗုဒ္ဓဘာသာဝင် ရခိုင် များက လူသားချင်း စာနာ၍ အမှတ် မထင် လက်ခံ ထားခဲ့ကြသည်။ နောက်ပိုင်း ဘင်္ဂလား ဒေသ မှ ရခိုင် ပြည်ဘက်သို့ ယင်းဘင်္ဂလီ မူဆလင် များ မတရား လိမ့်ဝင် လာမှု ကြောင့် အင်္ဂလိပ် အစိုးရ ကိုယ်တိုင် စိုးရိမ်၍ လူဦးရေ စာရင်း စစ်တမ်းများ လုပ်လာခဲ့ ရသည်၊၊ ရခိုင် မြေ၌ လူဦးရေ အလုံးအရင်း ဖြင့် အခြေချ နေထိုင်ခွင့် ရှိပြီး နောက် ဘာသာရေး အစွန်းရောက် များနှင့် နယ်မြေ ချဲ့ထွင်ရေး မူဆလင် ခေါင်းဆောင် များ နိုင်ငံရေး ဘက်သို့ ဦးတည် လှုပ်ရှား လာခဲ့ပြီး သူတို့ကို သူတို့ ဒေသခံ တိုင်းရင်းသား၊ ရိုဟိန်ဂျာ များဖြစ်ကြောင်း လိမ်လည် လှည့်ဖြား တင်ပြ လာကြပါသည်။ စစ်တကောင်း ဒေသမှ ယင်းဘင်္ဂလီ မူဆလင် များ သည် ယနေ့ ထက်ထိ လည်း ရခိုင်ပြည် ထဲ နည်းမျိုးစုံ ခိုးဝင် နေကြရုံသာ မက မြန်မာ အာဏာပိုင်များအား လာဘ်ထိုး၍ ရခိုင်ပြည် ၏ စီးပွားရေး ချုပ်ကိုင်ဖို့ ကြိုးစား နေကြသည်ကို တွေ့ရှိ ရပါသည်။ ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ခေါင်းဆောင်နှင့် ၄င်းတို့၏ အကြမ်းဖက်သတ်ဖြတ်၊ မုဒိန်းကျင့်ခြင်းခံရသော ဌာနေဗုဒ္ဓဘာသာရခိုင်တိုင်းရင်းသားများ။ အစပိုင်းတွင် မြန်မာ နိုင်ငံ ရှိ အခြား တိုင်းရင်းသား များက ရိုဟိန်ဂျာ အမည် နှင့် သူတို့ နိုင်ငံရေး အရ တိုက်ပွဲ ဝင် မှုကို လက်ခံရန် ရခိုင် တို့အား ဖိအား ပေးမှုများ ရှိခဲ့သည်။ နိုင်ငံတကာ NGO များ မှလည်း လူ့အခွင့်အရေး ရှုထောင့် မှနေ၍ ရိုဟိန်ဂျာ ဆိုသူများ အား အသိ အမှတ် ပြုမှုများ ရှိလာသည် သာမက ရခိုင် တို့အားလည်း ရိုဟိန်ဂျာ အမည် နှင့် နိုင်ငံရေး အရ တိုက်ပွဲဝင် မှုများကို အသိအမှတ် ပြုကာ ရိုဟိန်ဂျာ ဆိုသူများနှင့် လက်တွဲ တိုက်ပွဲဝင် ရန် နည်းမျိုးစုံ ဖိအား ပေးမှုများ လုပ်လာ ခဲ့ပါသည်၊၊ နောက်ပိုင်း မြန်မာနိုင်ငံ ဒေသခံ တိုင်းရင်းသား များက သူတို့၏ လိမ်လည်ခြင်း နှင့် ဟန်ဆောင်မှု များ ကို သိလာရသော အခါ ရိုဟိန်ဂျာ အမည် နှင့်တကွ သူတို့ ၏ နိုင်ငံရေး အရ ရပ်တည် တိုက်ပွဲဝင် မှုများ ကိုပါ လုံးဝ အသိ အမှတ် မပြု ဖြစ်လာကြသည်၊၊ ယင်း ရိုဟိန်ဂျာ အမည်ခံ များသည် ရခိုင်ပြည် မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သို့ ထွက်ပြေးခြင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ရခိုင် ပြည်မှ ထိုင်း နိုင်ငံနှင့် မလေးရှား နိုင်ငံသို့ လှေစီး ဒုက္ခသည် ပုံစံ မျိုးဖြင့် အလုံးအရင်း ဖြင့် ဝင်ရောက်ခြင်း များ ပြုလုပ် လျက် ယင်း နိုင်ငံများ ၌လည်း လူမှုရေး နှင့် ဘဝ ရပ်တည်ရေး အပါအဝင် နိုင်ငံရေး အရ ကြွေးကြော် တိုက်ပွဲဝင် မှုများ ပြုလုပ် လာကြ ပါသည်။ ယင်း ရိုဟိန်ဂျာ အမည်ခံ များသည် ယခုအခါ တွင် မလေးရှား နိုင်ငံ ၌ သောင်း နှင့် ချီရောက်ရှိ နေပြီဖြစ်ပြီး၊ ထိုင်း နိုင်ငံ ၌လည်း စနစ်တကျ ဝင်ရောက် ထိုးဖေါက် နေပြီဖြစ်သည်၊၊ ထိုင်း အစိုးရ က ယင်း ရိုဟိန်ဂျာ အမည်ခံ များ ထိုးဖေါက် ဝင်ရောက် မှုကို စနစ်တကျ တားဆီး မှုပြုလုပ်လာသော အခါ ယင်းရိုဟိန်ဂျာ အရေး သည် ဒေသခံ နိုင်ငံများ အား ရိုက်ခတ် လာသဖြင့် ဒေသခံ နိုင်ငံများ သတိထား ဆောင်ရွက် လာကသည် ကို တွေ့ရှိရသည်။ အာစီယံ ထိပ်သီး အစည်းဝေး ၌ပင် ယင်းရိုဟိန်ဂျာ ပြဿနာ သည် နံပါတ်(၁) နေရာ ရယူထား ပြီး ဖြစ်သည်၊၊ ထိုင်း နိုင်ငံက အဘယ်ကြောင့် ယင်းရိုဟိန်ဂျာ ဆိုသူများအား ဒုက္ခသည် စခန်းများ ဖွင့်ခွင့် လက်မခံ သနည်း။ အဖြေမှာ ရှင်းနေသည်၊၊ ယင်း ရိုဟိန်ဂျာ အမည်ကို သုံး၍ နိုင်ငံရေး အရ တိုက်ပွဲဝင် နေသူများ သည် Al-Quada အဖွဲ့ နှင့် ဆက်နွယ်မှု ရှိနေသည်။ ထိုင်း နိုင်ငံ အကြမ်းဘက် လှုပ်ရှား နေသူများ နှင့် ပေါင်းမိပြီး ထိုင်း နိုင်ငံ၏ လုံခြုံရေး ကိုပါ ခြိမ်းခြောက် လာမည်ကို စိုးရိမ်၍ ဖြစ်သည်၊၊ နိုင်ငံတကာ NGO များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ က ရိုဟိန်ဂျာ အမည်ခံ များအား “နိုင်ငံမဲ့များ” အဖြစ် လူသား ချင်းစာနာ ရှုထောင့် မှနေ၍ ယင်း တို့၏ နိုင်ငံရေး အရ တိုက်ပွဲဝင် မှုများ အသိ အမှတ် ပြုရန် ရခိုင် တို့အား ဖိအား ပေးနေကြသည် ကို တွေ့ရှိ ရသည်၊၊ သို့သော် ယင်းဘင်္ဂလီ မူဆလင် များ အလုံးအရင်း နှင့် ဝင်ရောက်ပြီး နောက်ပိုင်း ဘာသာရေး အဓိကရုဏ်း များ ဖြစ်ပွါးပြီးနောက် မိမိ တို့၏ ပိုင်ဆိုင်မှု နယ်မြေ၊ အိုးအိမ်များ စွန့်ခွာ ထွက်ပြေး လာကြရသော ဒေသခံ ရခိုင်များ ၏ ရှေ့အနာဂတ် အရေးကို တွေးပူ သည်ကိုကား မတွေ့ ရှိရသေးပေ၊၊ ယင်း အဓိကရုဏ်း ကာလ၌ မူဆလင် များ၏ သတ်ဖြတ်မှု ကြောင့် အသက် ဆုံးရှုံး ခဲ့ရသော ရခိုင် ပြည်သူများ၊ ဗုဒ္ဓဘာသာ ရဟန်းတော် များ၊ မူဆလင် များ၏ မီးတိုက် ဖျက်ဆီး မှုကြောင့် ပြာကျ ခဲ့ရသော ရခိုင် ရွာများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း များ၊ ဘာသာရေး အစွန်း ရောက် ယင်းမူဆလင် များ၏ မုဒိမ်းကျင့် သတ်ဖြတ်ခြင်း ခံခဲ့ရသော ရခိုင် သူမ များနှင့် မိမိ အသက် အိုးအိမ် စည်းစိမ် လုံခြုံရေး အတွက် အမြဲတမ်း အထိတ် တလန့် ဖြစ်နေ ရသော ရခိုင်သူ၊ ရခိုင်သား များ၏ အနာဂတ် အရေး ကို တွေးပူ စဉ်းစား မိသော NGO များနှင့် ကုလသမဂ္ဂ္ဂ အဖွဲ့ အစည်း များကို မတွေ့ ဖူးသေးပေ၊၊ ဗမာ စစ်အစိုးရ ၏ နှိပ်စက်မှုကို ခံနေ ရသူများမှာ ရခိုင်ပြည်ရှိ မူဆလင်ဘာသာဝင် သက်သက် မှ မဟုတ်ဘဲ၊ ရခိုင်ပြည်ရှိ ဗုဒ္ဓ ဘာသာဝင် များအပါ အဝင် မြန်မာ တစ်နိုင်ငံ လုံးရှိ ပြည်သူများ သည်လည်း နည်းမျိုးစုံ ဖိနှိပ် ညှင်းဆဲ ခံနေ ရသည်ကို သတိ တရား လက်ကိုင် ထားဖို့ လိုအပ်သည်။ အကယ်၍ အိမ်နီးချင်း နိုင်ငံများ၊ NGO များ ကုလသမဂ္ဂ အဖွဲ့ အစည်း များက ချင့်ချိန် မစဉ်းစား ဘဲ ရိုဟိန်ဂျာ ဆိုသူများ ၏ အရေး ကိုစောင်းပေးပြီး ရိုဟိန်ဂျာ အမည် နှင့် ယင်း တို့၏ နိုင်ငံရေး အရ ရပ် တည် တိုက်ပွဲဝင် မှုကို လက်ခံ ခဲ့ လျှင် မကြာ သော တနေ့ ၌ မောင်တော၊ ဘူးသီးတောင် နှင့် ရသေ့တောင် ဒေသ အားလုံး ယင်း ရိုဟိန်ဂျာ အမည်ခံ သူများ လက်ထဲသို့ ကျရောက် သွားပြီး၊ ဒေသခံ ရခိုင် ပြည်သူများ အသတ် ခံရမှု၊ ရပ်ရွာ အိုးအိမ် စွန့်ခွာ ထွက်ပြေး ရမှုနှင့် ရင်ဆိုင် ရမည်။ ယင်း အရေး သည် ရခိုင်ပြည် တခုလုံး၊ ဗမာပြည် တစ်ခုလုံး နှင့် အိမ်နီးချင်း နိုင်ငံ များ၏ လုံခြုံရေး ကိုပါ ခြိမ်းခြောက် လာပြီး ယင်း နိုင်ငံ ၌ နေထိုင် နေကြသော ဒေသခံ ပြည်သူများ လည်း ရခိုင်သား များ ကဲ့သို့ ဘေးဆိုး ကြီးများ နှင့် ရင်ဆိုင် ရမည် ဖြစ်ပါကြောင်း။ ရိုဟင်ဂျာ ကိစ္စ-ရခိုင် ချေပချက်(သျှမ်းသံတော်ဆင့်) Credit : Kyaw Naing Moe

Tuesday, March 29, 2016


#အိန္ဒိယသမ္မတပြောသွားတဲ့ ``မင်းရဲ့နိုင်ငံအတွက် အချိန် ၁၀ မိနစ်လောက် ပေးနိုင်မလား´´တဲ့ ပေးနိုင်ရင် ဒီစာလေးကိုဖတ်ကြည့်ပါ… မြန်မာနိုင်ငံက လူတွေအတွက် လည်း တိုက်ဆိုင်လွန်းလို့ သူငယ်ချင်းတို့ အချိန်ယူပြီး ဖတ်စေချင်တယ်။ ဒီစာကို ဖတ် ပြီးသွားရင် သူငယ်ချင်းတို့ရဲ့ စိတ်ထဲမှာ ကိုယ့်တိုင်းပြည်အတွက် ငါတို့ဟာ တိုင်းပြည်ရဲ့ အနာဂတ်တွေ ဆိုတာ သဘောပေါက်လာလိမ့်မယ်။ တာဝန် သိစိတ်တွေ ဖြစ်ပေါ်လာလိမ့်မယ်။ အိန္ဒိယသမ္မတပြောတဲ့ မိန့်ခွန်းထဲက လက်ရှိမြန်မာလူမျိုး အတော်များများရဲ့ စိတ်ဓါတ်ကို ထင်ဟပ်စေတဲ့ အကြောင်းလေးပါ။အခုလို ပြောထားပါတယ်။ " မင်းရဲ့နိုင်ငံအတွက် အချိန် ၁၀ မိနစ်ရမလား..? ရတယ်ဆိုမှ ဒီစာကိုဆက်ဖတ်ပါ… အချိန်မရှိရင်တော့ မင်းသဘောပဲ…။ အိန္ဒိယသမ္မတ: "တို့အိန္ဒိယအစိုးရက လုပ်ဆောင်မှုတွေ မထိရောက်ဘူး မင်းပြောတယ်။ တို့နိုင်ငံရဲ့ဥပဒေတွေကလဲ အိုဟောင်းပြီး ခေတ်မမီတော့ဘူး။ မင်းပြောတယ်…စည်ပင်ကလဲ အမှိုက်တွေမရှင်းဘူး မင်းပြောတယ်….ဖုန်းလိုင်းတွေကလဲ အလုပ်မလုပ်တာခပ်များများလို့ မင်းပြောတယ်… မီးရထားဆိုတာ ဟာသတစ်ခုပဲ..အဲလိုင်းတွေဆို ကမ္ဘာမှာ အဆိုးဆုံး…စာပို့စနစ်မှာလဲ ဘယ်တော့မှ ပို့တဲ့စာက မရောက်ဘူး…တို့တိုင်းပြည်မှာ အားလုံးက ခွေးစာကျွေးပစ်ရတော့မလောက် ပျက်စီးစုတ်ပြတ်မှုတွေချည်းပဲ လို့ မင်းပြောတယ်… မင်းပြော… မင်းအဲ့ဒါတွေချည်းပဲ ပါးစပ်ကနေပြောပြီး မင်းကရောဘာတစ်ခုလုပ်လဲ…? ကောင်းပြီ..မင်းစင်္ကာပူကိုရောက်တဲ့အခါ ကျတော့...စင်ကာပူကလမ်းတွေပေါ် မင်းဆေးလိပ်လွှင့်မပစ်ရဲဘူး..စတိုးဆိုင်မှာ မုန့်မစားရဲဘူး.. ညနေ ၅ နာရီနဲ့ ၆ နာရီကြား အောခတ်လမ်းပေါ်ကားဖြတ်မောင်းဖို့ ၅ ဒေါ်လာ မင်းပေးတယ်… အဲ့လိုစင်ကာပူမှာ မင်းတစ်ခုခုများပြောလား..ပြောခဲ့လား…? ဒူဘိုင်းမှာ ဥပုသ်လမျိုး လူမြင်ကွင်းမှာ မင်းအစားစားရဲလား… မကာရ်မှာ ခေါင်းမဆောင်းပဲ မင်းအပြင်ထွက်ရဲလား.. ၀ါရှင်တန်မှာ တစ်နာရီ ၅၅ မိုင်ထက်ကျော်ပြီး မင်းကားမောင်းရဲလား… မောင်းမိလို့ ရဲလာဖမ်းရင် ငါ့ကိုဘာမှတ်နေလဲ ငါဘာကောင်လဲ သိလား ငါဘယ်သူ့သားလဲ သိလားလို့ ရဲကို မင်းပြောရဲလား…. အော်ဇီနဲ့ နယူးဇီလန်ကမ်းခြေတွေမှာ စားပြီးသား အုန်းခွံတွေကို တွေ့ကရာ မင်းလျှောက်ပစ်ရဲလား…. တိုကျိုကလမ်းတွေပေါ်မှာမင်းကွမ်းတံတွေး လျှောက်ထွေးရဲလား။ဒါတွေက မင်း ကို မေးနေတာ။ သူများတိုင်းပြည်မှာ သူ့စည်းကမ်းနဲ့အညီ အတိအကျလေးစားလိုက်နာနိုင်ပြီး ကိုယ့်နိုင်ငံပြန်ရောက်မှ စည်းကမ်းကို မလေးစား စည်းကမ်းပျက်တတ်တဲီ့မင်းကိုပဲ မေးနေတာ။ အိန္ဒိယမြေကို စနင်းပြီဆိုတာနဲ့စိတ်ထင်သလို ဆေးလိပ်တွေ စက္ကူစတွေ အမှိုက်လျှောက်ဖွတတ်တဲ့ မင်းလိုလူတွေကို မေးနေတာ။ တခြားတိုင်းတပါးမှာ စည်းကမ်းလိုက်နာ လေးစားတတ်ခဲ့တဲ့မင်းက ကိုယ့်မွေး ရပ်နိုင်ငံမှာကျတော့ ဘာလို့ ပုံစံအတူတူ မလုပ်နိုင်ရတာလ? အင်တာဗျူးတစ်ခုမှာ အငြိမ်းစား ဘုံဘေမြို့စည်ပင်အရေးပိုင်ကြီး Mr.Tinaikar ဘာပြောသွားလဲ သိလား?လူ့မလိုင်တွေက သူတို့ခွေးတွေနဲ့လမ်းလျှောက်ထွက်ပြီး လမ်းတွေပေါ်မှာခွေးအညစ်အကြေးတွေထားခဲ့ကြတယ်။ ပြီးတာ့ အဲ့လူတွေကပဲတစ်ခါပြန်ပြီး ညစ်ပေနေတဲ့ လူသွားလမ်းတွေအတွက် တာဝန်ရှိသူ အဖွဲ့အစည်းတွေညံ့ဖျင်းလှချည်ရဲ့ဆိုပြီး အပြစ်တင်တတ်ကြတယ်… တာဝန်ရှိသူတွေကို သူတို့က ဘယ်လိုလုပ်ပေးစေချင်တာလဲ။ သူတို့ခွေးတွေနောက်ကနေ တံမြက်စည်းတစ်ချောင်းကိုင်ပြီး ခွေးစွန့်ခဲ့သမျှ အညစ်အပတ်တွေကိုကောက်ကောက်လိုက်ရှင်းပေးစေချင်တာလား။ အမေရိကားမှာ ကိုယ့်အိမ်မွေးတိရစ္ဆာန်ဆီက ထွက်တဲ့ အညစ်အကြေးတွေသန့်စင်ပေးဖို့ ပိုင်ရှင်ကတာဝန်ယူရတယ်..ဂျပန်မှာလဲဒီလိုပဲဒီ အိန္ဒိယကလူတွေ အဲ့လိုလုပ်လား..? တို့လူတွေကကျတော့ မဲပေးပွဲသွား။ မဲလေးပေးပြီး..ဖြစ်သမျှ အကုန်ကို တာဝန်လွှဲချ ခေါင်းခံပေးဖို့ လူတစ်ယောက်ရွေးလိုက်သလိုပဲ။ ကိုယ်ကိုယ်တိုင်က ဘာတာဝန်မှ မရှိသလိုနေပြီး အရာအားလုံးကို အစိုးရကပဲ ကကြီးခခွေးကအစ လိုက်ဖြေရှင်းပေးဖို့ ထိုင်မျှော်လင့်နေကြတယ်။ ကိုယ်တိုင်ပါဝင်အားဖြည့်မှု သုည…. အမှိုက်လေးတွေ ကြုံသလိုလျှောက်ပစ်ရင်း မြို့တော်သာယာလှပဖို့ အာဏာပိုင်တွေကို ထိုင်စောင့်နေကြတယ်။ အဲဒီ့အစား အမြင်မတော်တဲ့ စက္ကူတစ်စကို အမှိုက်ပုံးလေးထဲရောက်အောင်ထည့်လိုက် ဖို့တာ့ မသိချင်ယောင်ဆောင်ထားတယ်။ ရထားဘူတာရုံတွေမှာ သန့်စင်ခန်းတွေ ထားပေးစေချင်ကြတယ်..ဒါပေမဲ့ အဲဒီ့သန့်စင်ခန်းတွေကို ကျကျနန ဘယ်လိုသုံးရမလဲတော့ အလေးမထားဘူး။ အိန္ဒိယအဲလိုင်းတွေမှာအကောင်းဆုံး အစားအသောက်တွေ ရေအိမ်တွေ ရှိစေချင်ကြတယ်။ ဒါပေမဲ့ လစ်ရင်လစ်သလို ရသလောက်လေး ပိုယူလာဖို့ ခိုးလာဖို့လဲ ၀န်မလေးဘူး။ ကဲ..ဒီတော့ ပျက်စီးပုပ်သိုးနေပါတယ်ဆိုတဲ့ ဒီစနစ်ကြီး အဖွဲ့အစည်းအတွက် ဘယ်သူ့မှာ တာဝန်ရှိတာလဲ။ ဘယ်သူတွေက ပြောင်းလဲဖို့လိုနေတာလဲ…အဲဒီစနစ်ကြီးမှာ ဘယ်သူတွေ ပါဝင်လှုပ်ရှား လည်ပတ်နေတာလဲ။ကိုယ့်အိမ်ကိုယ့်ပတ် ဝန်းကျင် ကိုယ့်မြို့ ကိုယ့်အဖွဲ့အစည်း တခြား အဖွဲ့အစည်းတွေနဲ့အစိုးရ အကုန်လုံးပါဝင်နေတာမဟုတ်ဘူးလား။ ဒါပေမဲ့ သေချာပါတယ်..တကယ်တမ်းလက်တွေ့ကျကျ ပါဝင်ပြောင်းလဲလုပ်ဆောင်ရမယ့် အချိန်ကျတော့ အားလုံးက ကိုယ့်မိသားစုလေးနဲ့ အတူတူ စိတ်ချလုံခြုံတဲ့အိမ်လေးထဲ အတူတူထိုင်နေကြပြီး ပြတင်းပေါက်ကနေ ခပ်လှမ်းလှမ်းပဲ စောင့်ကြည့်နေကြမှာပါ။ သူတို့စိတ်ထဲမှာတော့ မောင်သန့်ရှင်းကြီးတစ်ယောက် မိုးပေါ်ကနေကျလာပြီး အာလုံးကို နေရာတကျ ပြန်ဖြစ်သွားအောင် လှဲကျင်းရှင်းလင်း ပြောင်းလဲပေးသွားလိမ့်မယ်လို့ မျှော်လင့်ရင်လဲ မျှော်လင့်နေကြမှာပေါ့။ ဒါမှမဟုတ်လဲ တတ်နိုင်သူတွေက တခြားတိုင်းတပါးကို ပြောင်းရွှေ့သွားရင်လဲ သွားလိမ့်မယ်…. ဘာနဲ့တူလဲဆိုတော့အမဲလိုက်ခွေးကြီးလက်ကနေ ကိုယ်လွတ်ရုန်းပြေးတဲ့ သူရဲဘောလေးတွေလိုပဲ။ သူတို့စိတ်ထဲမှာ ကြီးကျယ်ခမ်းနားတယ်လို့ထင်ရတဲ့အမေရိကားရဲ့ ဂုဏ်သရေတော်အောက်မှာ နေပူစာလှုံခွင့်တောင်းခံကြပြီး အမေရိကားရဲ့ လူနေမှုစနစ်တွေကို တဖွဖွချီးမွမ်းခန်း ဖွင့်နေကြလိမ့်မယ်။ အဲ့လိုနေရင်းနဲ့မှာ နယူးယောက်က မလုံခြုံဘူးလို့ ခံစားလာရရင် အင်္ဂလန်ကိုဆက်ပြေးကြ အင်္ဂလန်မှာ အလုပ်အကိုင်ရှားပါးလာရင် ပင်လယ်ကွေ့ကို လေယာဉ်နဲ့ပြေး... ပင်လယ်ကွေ့မှာ စစ်ဖြစ်လာတဲ့အခါကျတော့ လူမှုကယ်တင်ရေးအစီအစဉ်နဲ့ အိန္ဒိယကိုပြန်ပို့ပေးဖို့ တောင်းဆိုကြ။ ကိုယ့်နိုင်ငံရဲ့ စနစ် ခေတ်ကို အားပြည့်တိုးတက်လာဖို့တော့ ဘယ်သူမှ အပင်ပန်းခံပြီး မစဉ်းစားချင်ကြဘူး။ အကောင်းအဆိုးပိုင်းခြားနိုင်တဲ့အသိဥာဏ်ကို ငွေကြေးပကာသနတွေနဲ့ အပေါင်ခံထားကြလိုက်သလိုဖြစ်နေတယ်။ ၃၅ ယောက်မြောက်အမေရိကန်သမ္မတ J F Kennedy က သူ့နောက်လိုက်အမေရိကန်တွေကို တောင်းဆိုခဲ့တဲ့ စကားလေးနဲ့ပဲ နိဂုံးချုပ်လိုက်မယ်။ “DO NOT ASK WHAT YOUR COUNTRY DO FOR YOU.. ASK WHAT YOU CAN DO FOR YOUR COUNTRY..” "တိုင်းပြည်က သင့်ကို ဘာပေးနိုင်လဲလို့ မေးမယ့်အစား.. တိုင်းပြည်အတွက် သင်ဘာပေးနိုင်မလဲ ဆိုတာပဲ မေးပါ" ….တဲ့……။ " #Copy >><< (ဒုတိယအကြိမ်ပြန်တင်ပါတယ်) ဒီပိုစ့်လေးနှင့် သမ္မတကြီးဦးသိန်းစိန်ကို ထပ်မံနှုတ်ဆက် ဂါရဝပြုပါသည်… Credit : Aung Htut Thet

Friday, March 25, 2016

ဆီး​ကျောက်​တည်​သူများအတွက်

ကျောက်ကပ်ကိုဆေးကြောပေးပါ!!! -------------------------------- ကျောက်ကပ်ဟာအရေးကြီးတဲ့ကလီစာတစ်ခုဖြစ်ပါတယ်။နေ့စဉ်နေ့တိုင်းစားသောက်နေတဲ့အစာတွေထဲကအဆိပ်အတောက်တွေကိုသန့်စင်ဖယ်ရှားပေးနေရတဲ့အင်္ဂါတစ်ခုဖြစ်ပါတယ်။ဒါကြောင့်အလုပ်တော်တော်များများလုပ်ရပါတယ်။ အခုခေတ်မှာလူအများစုဟာရေသောက်တာအရမ်းနည်းလွန်းကြတယ်။ရေဆာသလိုရှိတော့မှသာရေနဲနဲလောက်သောက်ကြလေ့ရှိပါတယ်။တစ်ချို့လူတွေဆိုရင်ရေမသောက်ဘဲလက်ဖက်ရည်၊ကော်ဖီလောက်ပဲသောက်ကြပါတယ်။အချိုရည်၊အအေးပုလင်းတွေသောက်ကြသူတွေလည်းများပါတယ်။ ယနေ့ခေတ်မှာစားရသောက်ရတာတွေကလည်းဓာတုဆေးကြွင်းတွေအများကြီးပါနေတဲ့အစားအသောက်တွေပဲဖြစ်နေပါတယ်။စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေဟာစီးပွားဖြစ်အထွက်တိုးဖို့ဓာတုဆေးတွေကိုအလွန်အကျွံသုံးစွဲကြတော့လူတွေရဲ့ကိုယ်ထဲကိုနည်းအမျိုးမျိုးနဲ့ရောက်လာပါတယ် စားရတာတွေကအဆိပ်တွေ၊ရေသောက်တာကလည်းသိပ်နည်းကြတယ်ဆိုတော့ကျောက်ကပ်ကအလွန်ပျစ်ချွဲနေတဲ့အဆိပ်အတောက်တွေကိုနေ့စဉ်ဆေးကြောပေးနေရပါတယ်။ကျောက်ကပ်ဆိုတာကသံမဏိနဲ့တည်ဆောက်ထားတာမဟုတ်ပါဘူး၊အသွေးအသားတွေနဲ့တည်ဆောက်ထားတာပါ။ နေ့စဉ်နေ့တိုင်းအဆိပ်ပြင်းတွေကိုဆေးကြောပေးနေရတဲ့ကျောက်ကပ်ဟာကြာလာတော့ဂျီးညှော်တွေကပ်ညိလာပါတယ်။အဲဒီကနေကျောက်တွေဖြစ်လာပါတယ်။ကျောက်တည်တဲ့အခြေနေမျိုးကိုရောက်လာပါတယ်။နောက်ဆုံးမှာကျောက်ကပ်ကအလုပ်မလုပ်နိုင်တော့ပဲပျက်စီးသွားတဲ့အထိဖြစ်သွားတတ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးအထိမဖြစ်ရအောင်ကျောက်ကပ်ကိုမကြာခဏဆေးကြောပေးဖို့လိုပါတယ်။ရိုးရိုးလေးပါပဲ၊မခက်ပါဘူး၊ကျောက်ဖယုံသီးကိုပအသုံးပြုပြီဲးကျောက်ကပ်ကိုဆေးမှာဖြစ်ပါတယ်။ဈေးကနေကြက်လည်ချောင်းရိုးအနည်းငယ်ဝယ်လာပြီးပြုတ်ပါ။အရသာထည့်ပါ။ကျောက်ဖယုံသီး၂စိပ်လောက်ကိုတုံးပြီးထည့်ပါ။ကျက်ပြီဆိုရင်တရုတ်နံနံကိုထည့်ခတ်လိုက်ပါ။ငရုတ်ကောင်းနဲနဲရိုက်ထည့်ပါ။ပန်းကန်ထဲထည့်ပြီးရင်သံပရာသီးတစ်လုံးညှစ်ထည့်ပြီးသောက်ပါ။တစ်ပန်းကန်လုံးကုန်အောင်သောက်ပစ်လိုက်ပါ။ဒါပါပဲ။ အဲဒီ့ကျောက်ဖယုံသီးဟင်းချိုကိုမကြာခဏသောက်ပေးခြင်းအားဖြင့်ကျောက်ကပ်ကကျောက်တွေသာမကခန္ဓာကိုယ်ထဲမှာအောင်းနေတဲ့ကျောက်တွေလည်းရှင်းလင်းသွားပါလိမ့်မယ်။ဝမ်းဗိုက်မှာပိုနေတဲ့အဆီတွေလည်းကျသွားပါလိမ့်မယ်။ဒါဟာရှေးကတည်းကအရှေ့တိုင်းသားတို့သုံးခဲ့တဲ့အစာလည်းဆေး၊ဆေးလည်းအစာဖြစ်တဲ့နည်းကောင်းလေးတစ်ခုဖြစ်ပါတယ်။ မင်းကျော်ဝင်း

Sunday, March 20, 2016

မြွေဆိပ်​​ဖြေ​ဆေး

"မြွေဆိပ်ဖြေဆေး" ****************** ဆေးထိုးရွာ နွားထိုးကြီးမြို့နယ် မြင်းခြံမြို့က ကိုဇော်လတ်က သူတို့အရပ်မှာ ပိုးထိတိုင်းသုံးစွဲ လေ့ရှိတဲ့မြွေဆိပ်ဖြေဆေးကိုပြောပြခဲ့ပါတယ်။ သူတို့ရွာမှာမြွေပွေးပေါပါတယ်။တခြားမြွေဆိုးတွေ လည်းရှိပါတယ်တဲ့။ သူပြောတဲ့ဆေးပင်က "ကျီးအာသီးပင်"ပါ။ဒီအပင်က သူတို့ဒေသမှာပေါပါတယ်။အလေ့ကျပေါက်ပင်တွေပါ။ ဆေးအသုံးက"ပိုးထိတဲ့သူကိုကျီးအာသီးပင်ရဲ့ဥကိုတူး ယူပြီး အစိမ်းတိုင်းစားခိုင်းတာပါပဲ။အဲဒီလိုစားလိုက်ရင် မြွေဆိပ်တွေပြေပြီးဆေးရုံရောက်ရင်လည်းမြွေဆိပ်ရှာ မရတော့ပါဘူးတဲ့။ သူတို့ရွာမှာအမြဲသုံးနေကြဖြစ်ပြီး ဒီဆေးကြောင့်တော့ အခုအထိအဖိတ်အစင်မရှိသေးပါဘူးတဲ့။ဘယ်မြွေမျိုးရဲ့ အဆိပ်ကိုမဆိုနိုင်တာတွေ့ရပါတယ်တဲ့။ သုတေသနပြုလုပ်ပြီးမြွေဆိပ်ဖြေဆေးထုတ်လုပ်နိုင်ခဲ့ ရင်လယ်ယာလုပ်ငန်းခွင်မှာပိုပြီးအန္တရာယ်ကင်းစွာလုပ် ကိုင်ဆောင်ရွက်နိုင်မယ်လို့မျှော်လင့်မိပါတယ်။ ဆေးနည်းပြောပြပေးတဲ့ကိုဇော်လတ်ကိုကျေးဇူးတင်မိပါ တယ်ခင်ဗျား။ ။ Shwe la Thar win....

ဒီနေ့တော့နိုင်ငံတကာမှာအသုံးပြုနေကြပြီး ဆေးစွမ်းထက်တဲ့..အပင်တစ်မျိုးနဲ့..မိတ် ဆက်ပေးပါရစေ...။မြန်မာလိုတော့ ကျောက်သင်ပုန်းပင်လို့...ခေါ်ကြပါတယ်။ ရင်သားကင်ဆာဝေဒနာရှင်များအတွကိ ပြန်လည်ကောင်းမွန်ဖို့မျှော်လင့်နိုင်တဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်....။ Peperomia pellucida. ကျောက်သင်ပုန်း ပင် ကင်ဆာရောဂါကာကွယ်ရန်အတွက် ဆေးနည်း။ ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်တဲ ကျောက်သင်ပုန်းဖျက်ရွက် ယခုပုံမှာ မြင်နေတဲ့ ဒီအပင်ဟာ ကျောက်သင်ပုန်းသုတ်ရွက်ပင် ဖြစ်ပါတယ်။ နတ်သမီးကွမ်းရွက်၊ နတ်သမီးကွမ်းတံတွေးပင်၊ ရေကြည်ပင် စသဖြင့် နေရာဒေသအပေါ်မူတည်ပြီး အခေါ်အဝေါ်များ ကွဲပြားကြပါတယ်။ ဟိုတုန်းကတော့ ကျောက်သင်ပုန်းမှ စာတွေကိုပြန်ဖျက်တဲ့နေရာမှာ အသုံးပြုခဲ့ကြပါတယ်။ အလေ့ကျပေါက်သည့် အပင်မျိုး ဖြစ်ပါတယ်။ ဒီအပင်မှာ ကင်ဆာရောဂါကို တွန်းလှန်ကာကွယ်ပေးနိုင်တဲ့ Antioxidantsပါဝင်တယ်။ ဗီတာမင်စီဓါတ်များတယ်ပြီး ဗီတာမင်အေဓါတ်ကို ဖြည့်စွမ်းပေးတဲ့ Beta-carotene ပါဝင်ပါတယ်။ ဒီအပင်ဟာ ဆေးဖက်ဝင်အပင်ဆိုတာ သိလာကြတဲ့အတွက် ထိုင်းနိုင်ငံမှာတော့ အစိမ်းသုပ်စားခြင်း၊ ပြုတ်၍ သုပ်စားခြင်း၊ တို့စရာအဖြစ် စားသုံးခြင်း၊ ဟင်းရည်ချက်၍ သောက်ခြင်းများကို ပြုလုပ်ကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှ တိုင်းရင်းဆေးဆရာများကတော့ ဒူလာဆေး၊ အဆစ်မြစ်ရောင် (ဂေါက်ရောဂါ)အတွက် ဒီအပင်ကို သုပ်စားခြင်း၊ပြုတ်စားခြင်းတို့ကို ပြုလုပ်ကြပါတယ်။ ဆေးအဖြစ် အသုံပြုပုံများ (၁) ရင်သားကင်ဆာရောဂါအတွက် အရွက်လက်တစ်ဆုပ်ခန့်ကို သန့်ရှင်းစွာ ဆေးကြောပြီး ထောင်းကာ ရင်သားပေါ်ကို အရည်သုတ်လိမ်းပေးခြင်း၊ အဖတ်ကို အုံပေးခြင်းတို့ဖြင့် ကုသပေးလျှင် သက်သာပျောက်ကင်းစေပါသည်။ (၂) ထိခိုက်ရှနာ၊ ဒဏ်ရာအမျိုးမ်ျိုး၊ အနာစိမ်း၊ပြည်တည်၊ ၀က်ခြံနာ၊ အရေပြားရောဂါအမျိုးမျိုးတို့အတွက် အရွက်ခပ်သန့်သန့်ကို ကျိတ်၍ အနာပေါ် အုံပေး၊လိမ်းပေးပါကသက်သာ ပျောက်ကင်းစေပါသည်။ (၃) ရေရုံရောဂါအတွက် အပင်၊ အရွက်၊ အပွင်စတဲ့တပင်လုံးကို နနွင်း၊ ဆန်စေ့အနည်းငယ်တို့နှင့်အတူ ရောထောင်း ရေယုံ နာပေါ်ကို တစ်ညခန့် အုံပေးပါကသက်သာပျောက်ကင်း စေပါသည်။ (၄) ၀က်ခြံ၊ တင်းတိပ်များအတွက် ပဉ္စငါးပါးလုံးကိုပြုတ်၍ ၄င်းဆေးပြုတ် ရည်ကို မနက်တိုင်း မျက်နှာသစ်ပေးပါက သက်သာပျောက်ကင်းစေပါသည်။ (၅) ဒူလာရောဂါ၊ အဆစ်မြစ်ရောင် ဂေါက်ရောဂါများအတွက် ၄င်းအရွက်ကို ရေစင်အောင်ကြောကာ သုပ်စားခြင်း၊ ပြုတ်စားခြင်း၊ တို့စာခြင်းများ ပြုလုပ်ပေးပါက ရောဂါကိုသက်သာပျောက်ကင်းစေပါသည်။ (၆) မျက်စိနာ၊ မျက်စိတိမ်ဖြစ်ခြင်းတို့အတွက် ဒီအရွက်ကို လက်တစ်ဆုပ်ခန့် သန့်သန့်လေးဖြစ်အောင် ဆေးကြောပြီး အရည်ညစ်ယူကာ မျက်စိကို အနည်းငယ်စီ တစ်နေ့ ၂ ကြိမ် ခပ်ပေးပါက မျက်စိနာနဲ့ မျက်စိတိမ်များ ပျောက်ကင်းပါတယ်။ (၇) ကြွက်နို့ပေါက်သူများအတွက် အပင်ကို အရည်ညစ်၍ ကြွက်နို့ပေါ်ကို ၄င်းအရည်ဖြင့်မကြာခဏ တို့ပေးကာ ကြိတ်ဖတ်ကိုလည်း ကြွက်နို့ပေါ်ကို အုံထားပေးပါ။ ကြွက်နို့များအံ့သြစွာ ပျောက်ကင်းသွားပါလိမ့်မည်။ ဘီဘီစီဦးဝင်းမြင့် K.K (ကနောင်)

Thursday, March 17, 2016

ဒူးနာသူများဖတ်​၇န်


ဒူးနာခြင်းခြေကျင်းဝတ်နာကျင်ကိုက်ခဲခြင်းများသည်အသက်အ၇ွယ်မေ၇ွးဖြစ်တတ်သော်လည်းအသက်၄၀ကျော်ပြီးအမျိုးသားအမျိုးသမီးများတွင်၇ိုးတွင်းချဉ်ဆီခမ်းခြောက်လာခြင်းကြောင့်ပို၍အဖြစ်များတတ်သည်ထိုသိုဖြစ်လာလျှင်ယခုပုံပါအတိုင်း၇ှားစောင်းလက်ပတ်ပင်ကိုအထဲမှအနှစ်ကိုချစ်ယူ၍ေ၇နွေးသောက်ပန်းကန်လုံးတလုံးစာကိုနွားနို့အစိမ်းပန်းကန်လုံး၃လုံးစာနှင့်ေ၇ာ၍စားအနည်းငယ်နှင့်သကြားအနည်းငယ်ေ၇ာ၍သမအောင်မွှေပြီးသောက်သုံးပေးပါဖျော်၇ည်စက်နှင့်လည်းဖျော်၍သောက်နိုင်ပါသည်၁လကိုအနည်းဆုံး၃ကြိမ်သောက်၍ပေးပါ၇လအကြာတွင်၂၁ကြိမ်သောက်သုံးပြီးပါကလုံးဝပျောက်ကင်းကြောင်းလက်တွေ့သိ၇ပါလိမ့်မည်..အာေ၇ာဂျံ.ပ၇မံ.လာဘံ ...

Wednesday, March 16, 2016

လောက်​​သေ၇ွက်​အစွမ်း

"လောက်သေရွက်ကို ဆေးအဖြစ် အသုံးပြုနည်း (၅)မျိုး =================== =================== လောက်သေရွက်ကို ဆေးဖက်ဝင်တာ သိပြီးသားဖြစ်တာကြောင့် ဘယ်လိုသုံးမလဲဆိုတဲ့ နည်းလေးတွေဖော်ပြပေးလိုက်ပါတယ်။ ၁ - ပြုတ်ပြီး တို့စားမယ်၊ သုပ်စားမယ်ဆိုရင် ဝမ်းကိုက်တာ၊ ဝမ်းဖောတာတွေ ပျောက်ပါတယ်။ ၂ - ကလေးတွေသန်ထိုးလို့ ဝမ်းဗိုက်နာတာမျိုးလည်း တို့စားပေးရင် ပျောက်ပါတယ်။ ၃ - လက်ဖက်ခြောက်လို ရေနွေးကျိုသောက်ရင် ဆီးပူဆီးအောင့် ပျောက်ပါတယ်။ ၄ - လောက်သေရွက်ကို ထားဝယ်မှိုင်းရွက်နဲ့ရောပြီး ရေနွေးဖြောသုပ်စားရင် ဆီးပူဆီးအောင့်တာ ပျောက်ပါတယ်။ play ၅ - လောက်သေရွက်နဲ့ စကားစိမ်းပွင့်ခြောက်ကိုရောပြီး နှမ်းဆီစစ်စစ်နဲ့စိမ် လိမ်းပေးရင် ခေါင်းပူတာတွေ၊ ဗောက်ထတာတွေ ပျောက်ပါတယ်။ ============ Duwun

ဆီး​ကျောက်​ တည်​သူအတွက်

ဆေးဖက်ဝင် ဆင်နှာမောင်း ****************************** ဒီအပင်ကိုသိသူများမယ်ထင်ပါတယ်နေရာတော်တော်များများအလေ့ကျပေါက်ပါတယ်။ ဆီးအောင့်ဆီးနဲဆီးကျောက်တည်သူများသုးံခွက်ကျိုတခွက်ကျန်...၃ခွက်၁ခွက်ပေါ့ကျိုပီးသောက်ရင်၎င်းဖြစ်နေတဲ့ရောဂါတွေသက်သာ ပျောက်ကင်းပါတယ်... ဒါလဲသီချင်းရှိတယ်ရှေးမင်းသားကြီးဝင်းဦးသီဆိုထားတာ၊၊၊ကြားဖူးလား နားထောင်ကြည့်။။။။။။။ ဆင်နှာမောင်းးးးတစ်ပင်လုးံးးသုးံခွက်တခွက်တင် ကျို သောက်လွန်းးးးး လွန်းးးးလို့းး ကျောက်ခွက်ညိုမှားး ရွှဲရွှဲးးးးး စိုအောင်းးး ရေတွေသွန်ချသလိုပေါ့လေ အဲ့လောက်ကောင်းတာ သီချင်းဆိုပြပါလို့ တောင်းဆိုလို့ သီချင်းရှိတဲ့ဆေးပင်ကို Post တင်လိုက်တာပါ😄😄 (ပြန်လည်မျှဝေ ကုသိုလ်ပြုနိုင်ပါသည်။) Credit. . . မှတ်စု

Tuesday, March 15, 2016

ဆေးကောင်းတစ်လက် အစွမ်းထက် မျက်စိမှုန်သူများအတွက် ဆေးစွမ်းကောင်း (နတ်မျက်စဉ်း) အခုကျနော်ပြောမဲ့ နတ်မျက်စဉ်းဆေးနည်းက အမှတ်(၁၃၄)၊ စက်တင်ဘာလ၊ ၁၉၉၇ ခုနှစ်တွင် ထုတ်ဝေခဲ့သော နက္ခတ္တရောင်ခြည် မဂ္ဂဇင်းမှာ ဖတ်ခဲ့ရတာပါ။ မသိလိုက်ရသေးသော သူများအတွက် သိသင့်တယ်ထင်လို့ ကျနော်က ပြန် လည် တင်ပြတာပါခင်ဗျာ။ ကျနော်က ပြန်လည်တင်ပြတာဆိုပေမဲ့လဲ စာရေးသူ နစ်နာ မှုမရှိစေရန်အတွက် မဂ္ဂဇင်းထဲတွင် စာရေးသူ ကိုယ်တိုင် ရေးသား ခဲ့သည့်အတိုင်း (၏ ၊ သည်) မလွဲ ပြန်လည် တင်ပြ လိုက်ခြင်းဖြစ်ကြောင်းကို ဦးစွာပထမ ၀န်ခံလိုက်ပါသည်။ မြန်မာ့တိုင်းရင်းဆေး ဆရာကြီး ဦးကြည်ဟန်မှာ အသက် (၇၀)နီးပါးရှိနေပါပြီ။ သို့သော်ဆရာကြီးမှာ ဇရာ၏ ဖိစီးမှုကို အခြားခန္ဓာ အစိတ်အပိုင်းများ ခံစားနေရသော်လည်း ဆရာကြီး၏ မျက်စိမှာမူ အဝေး၊ အနီး မြင်သည်။ လုံးဝမမှုန်ပါ။ မျက်မှန် မတတ်ရပါ။ မျက်စိမှာ လူငယ်များကဲ့သို့ စွမ်းအား အပြည့်အ၀ ရှိနေပါသည်။ မျက်မှန်မပါဘဲ စာဖတ် စာရေးနိုင်သည်။ ကျွန်တော် ဆရာကြီး ဦးကြည်ဟန်နှင့် ကရင်ပြည်နယ် ကော့လုံ ကျွန်းတွင် တွေ့ဆုံမိကြပါ သည်။ ဆရာကြီး၏ မျက်စိအား ကောင်းမွန်နေမှုကို အံ့သြမိသည်။ သို့ပါ၍ ဆရာကြီး အား မေးမြန်း ပြောဆို မိပါသည်။ “ဆရာကြီးရဲ့ မျက်စိဟာ လူငယ် တစ်ဦးလို ကောင်းမွန်နေတာ တွေ့ရတယ်။ မျက်စိမမှုန်ဘူး။ မျက်စိဟာ အားနည်း မှု အရိပ်အယောင် မတွေ့ရဘူး။ ကြည်လင်ရွှန်းလဲ့နေတယ်။ ဒီတော့ဆရာကြီးမှာ မျက်စိနဲ့ပတ်သက်လို့ အစွမ်းရှိစေမယ့် ဆေးနည်းကောင်း များရှိရင် ကျွန်တော့်ကိုညွှန်ပြ ပြောဆိုပေးပါခင်ဗျာ။ ကျွန်တော်ကငယ်ငယ်နဲ့ မျက်စိအားနည်းနေလို့ပါ” “အစွမ်းထက်တဲ့ မျက်စဉ်းတစ်မျိုးဖော်ပြီး ခတ်ပါ။ ဦးလဲ အဲဒီ မျက်စဉ်းခတ်ခဲ့လို့ အခုလိုမျက်စိ အားမနည်းဘဲ ပကတိကောင်းမွန်နေ တာပါပဲ” “ဟုတ်ကဲ့၊ နည်းလမ်း ညွှန်ပြပေးပါ။ မျက်စဉ်းကို ဖော်ပါ့မယ် ဆရာကြီး” “မနက်စောစောမှာ စံပယ်ပင်က စံပယ်ပန်း(၃)ပွင့် ခူးယူရမယ်။ ရေပြောင်အောင် ဆေးရမယ်။ စံပယ်ပင် မရှိတဲ့သူကလဲ စံပယ်ပန်းရောင်းတဲ့ဆီက၀ယ်ပေါ့။ ဒါပေမယ့် ခပ်လတ်လတ်ကို ၀ယ်ပါ။ နွမ်းရင် မယူနဲ့။ “အဲဒီ စံပယ်ပန်းကို ဖန်ခွက်အလွတ်တစ်ခုမှာ ထည့်ရမယ်။ နောက် ရေသန့်သန့် ဖန်ခွက်(၃)ပုံ (၂)ပုံ ထည့်ရမယ်။ တစ်နေ့လုံး စိမ်ထားရမယ်။ ညမှာ မျက်စိကို ခတ်ခါနီး ပန်းကို ဖယ်ပစ်လိုက်၊ အဲဒီရေကို အဲဒီည မျက်စိကို ခတ်။ ပထမဦးဆုံး ခတ်တဲ့နေ့ နံနက်မှာ မျက်စိမှာ ထူးထူးခြားခြား မျက်ချေးတွေ ပိတ်နေလိမ့်မည်။ အ၀တ်ပွတစ်ခုကို ရေဆွတ်ပြီး မျက်စိကို ပွတ်သတ် သန့်ရှင်းမှု လုပ်ပေးရမယ်။ အဲဒီပန်းစိမ်ရေကို (၇)ရက်ဆက်တိုက် ခတ်ပေးရမယ်။ မျက်ချေးက တစ်နေ့ တခြား နည်းသွားမယ်။ (၇)ရက်ခတ်မိရင်ပဲ မျက်စိမှုန်နေသူ ပြန်လင်းပြီး။ မျက်စိမှာ တိမ်ရှိရင် ပျောက်သွားမယ်။ မျက်စိအား အရင်ထက် ထူးထူးကဲကဲ ကောင်းလာ မယ်။ (၇)ရက် ဆက်တိုက် ခတ်ပြီးရင် (၁၅)ရက်လောက် နားရမယ်။ နောက် (၁၅)ရက်ပြည့်ရင် ပထမ(၇)ရက်သုံးခဲ့တဲ့ မျက်စဉ်းရေကို မသုံးရဘူး။ နောက်တစ်ခါ အသစ်ပြန်ပြီး ပန်းကိုစိမ် ရတဲ့မျက်စဉ်းရေကို (၇)ရက်ဆက်ခတ်။ (၇)ရက်ပြီးရင် (၁၅)ရက်နားရမယ်။ ဒီလို(၇)ရက်ခတ်၊ (၁၅)ရက်နား၊ (၃)ပတ်ပြည့်ရင် မျက်စိဝေဒနာတွေ ကင်းဝေးသွားပြီး။ မျက်စိမှုန်၊ မျက်ခိုးထွက်၊ မျက်မှန်တပ်ရသူ၊ မျက်မှန်လွတ်မယ်။ တိမ်ရှိရင် ပျောက်မယ်။ ဘာအန္တရာယ်မှ မရှိဘူး။ ဆေးနည်းက လွယ်တယ်။ ဒါပေမယ့် စည်းစနစ်ကျ လုပ်ဆောင်ရမယ်။ လက်တွေ့ ဆေးနည်းမို့ လက်တွေ့သာလုပ်ကြည့် အကျိုးရှိစေရမယ်” “ယုံကြည်ပါတယ်။ ဆရာကြီးကိုယ်တိုင် လက်တွေ့ တွေ့နေရပြီပဲ။ ဒါနဲ့ဆရာကြီး ဒီနည်းပညာကို ဆရာကြီး ဘယ်သူ့ဆီက ရခဲ့တာပါလဲ။ သိပါရစေ” “ဒီအစွမ်းထက် မျက်စဉ်းရခဲ့တဲ့နေရာက ဒီကရင်ပြည်နယ်၊ နောင်လုံရှမ်းစုရွာက ပဲ။ ပေးအပ်တဲ့ ပုဂ္ဂိုလ်က “နမ့်ပန်ကျောင်းက ဆရာတော် ဦးနန္ဒ၀ံသ” က လမ်းညွှန်နည်းပေးခဲ့တာပဲ” တိုက်ဆိုင်မှုရှိသူ၊ မျက်စိဝေဒနာရှင်များ လက်တွေ့ ဆောင်ရွက်မှုဖြင့် အကျိုးဖြစ်နိုင်စေရန် လမ်းညွှန်ဖော်ပြ ရေးသား လိုက်ရပါသည်။ ဆေးနည်းပညာ ပေးအပ်လမ်းညွှန်ပေးခဲ့သော ကရင်ပြည်နယ်၊ နောင်လုံရှမ်းစုရွာ နမ့်ပန်ကျောင်းမှ ဆရာတော် ဦးနန္ဒ၀ံသ နှင့် ဆရာကြီး ဦးကြည်ဟန်တို့အား မှတ်တမ်းတင် ဂုဏ်ပြု ဖော်ပြလိုက် ပါသည်။ ဝေဒနာရှင်အပေါင်းတို့ ကျန်းမာပါစေ။ ဆန္ဒပြုလျှက်.............. ဖြူစင်အလိုကင်းနိုင်ပါစေ။ မြတ်နိုးအောင် တိုက်တိုက်ဆိုင်ဆိုင်အိမ်မှာစပယ်တွေအရမ်း ပွင့်နေကြတယ်...သူငယ်ချင်းတို့စပယ်ပန်း ၀ယ်ရင်သတိထားကြပါ...အစိမ်းရောင်သမ်း အောင်ဆေးဆိုးရောင်းနေကြတာမြင်ဖူး လို့ပါ....အိမ်ကပွင့်တဲ့အခုပဲ..ခူးယူထား တဲ့စပယ်ပန်းလေးတွေပုံပါတင်ပေးလိုက် ပါတယ်...။

အ​သောကမင်းကြီးအပြည့်​အစုံ

ကျောက်စာများက ပြောသော အသောကမင်းကြီး (အပြည့်အစုံ) =========================================== ညာက်စာ နံပါတ် (၁၃) မှာ ရေးထိုးထား တဲ့ ဗုဒ္ဓသာသနာ ပြန့်ပွားဖို့ သာသနာပြု အဖွဲ့တွေ စေလွှတ်ရာ ဌာနဖြစ်တဲ့ အနောက်နိုင်ငံတွေက ဘုရင် (၅) ပါးရဲ့အမည်တွေကိုအခြေခံပြီး အသောက ဘုရင်ရဲ့ နန်းစံနှစ်ကိုဘီစီ ၂၆၈ - ၂၃၂ လို့ ခန့်မှန်းကြပါတယ်အဲဒီဘုရင်(၅)ပါးရဲ့အမည်ထဲမှာအီဂျစ်ဆီးရီးယားနဲ့မက်ဆီဒိုးနီးယားက ဘုရင်တွေပါတယ်။ အသောက ဘုရင် နန်းစံ တဲ့ သက်တမ်းကို အဲဒီ ဘုရင် (၅) ပါးရဲ့ နန်းစံနှစ်တွေကနေ ခန့်မှန်းကြတာ ဖြစ်တယ်။ ဒီ ခန့်မှန်းချက်ဟာ ၂ နှစ်ကနေ ၁၀ နှစ် လောက်တော့ မှား ချင်မှား သွားနိုင်တယ်။ ရှေးအင်ဒီးယန်းတွေဟာသမိုင်းနှစ်ကာလမှတ်တမ်းတွေကိုမှတ်လေ့မရှိကြတော့ယခုတွက်ချက်ခန့်မှန်းထားတဲ့နှစ်နဲ့ဘဲ အိန္ဒိယ ရှေးဟောင်း သမိုင်းကို ခုနှစ် စဉ်ကြည့်ကြရတယ် ။ သီဟိုဠ် သမိုင်းကျမ်းဖြစ်တဲ့ ‘’မဟာဝံသ’’ က အသောကဘုရင်ရဲ့ နန်းစံနှစ်ကို (၃၇) နှစ်လို့ ပြောထားပြီး၊ ‘’ပုရာမ်’’ ကျမ်းကတော့(၃၆) နှစ်လို့ ဖော်ပြထားပါတယ်။အသောကဘုရင်လက်ထက်အတွင်းက ရေးထိုးခဲ့တဲ့ကျောက်စာ တွေဟာ အဲဒီ ခေတ်ကာလ ကို ခန့်မှန်းတွက်ချက်ဖို့အတွက် ခိုင်မာတဲ့ သက်သေအထောက်ထားတွေဖြစ်တယ်။ ဒီကျောက်စာတွေ အပြင် သီဟိုဠ်မှာ မှတ်တမ်းတင်ထားတဲ့ ‘’မဟာဝံသ၊ ဒီပ၀ံသနဲ့ သမန္တပါသာဒိကာ’’ ကျမ်းတွေကို လည်း တိုက်ဆိုင်ကြည့်ကြရတယ်။ ပြီးတော့ မြောက်ပိုင်း ဗုဒ္ဓဘာသာ ကျမ်းတွေဖြစ်တဲ့အသောကရာဇ၀ဒါန’’၊‘’အသောကရာဇသုတ္တ’’နဲ့‘’ဒိဗျာဝဒါန’’ကျမ်းတွေနဲ့လည်းနှိုင်းယှဉ်တွက်ချက်ကြည့်ရပါတယ်။ အစဉ်အလာ သမိုင်းအရတော့ အသောက ဘုရင်ဟာ ငယ်ရွယ်စဉ် အခါတုန်းက အလွန်ကြမ်းတမ်းခက်ထန်တယ်၊ လူအသက်ပေါင်းများစွာ သတ်ခဲ့တယ်၊ နောက်ပိုင်း ဗုဒ္ဓဘာသာဝင် ဖြစ်သွားတဲ့အခါအလွန်ယဉ်ကျေးသိမ်မွေ့သွားပြီး ပြည်သူပြည်သားတွေကို မေတ္တာ ကရုဏာနဲ့ အုပ်ချုပ်ခဲ့ လို့ သူဟာ ‘’ဓမ္မာသောကဘုရင်’’လို့ ထင်ရှားသွားတယ်၊ စသည်ဖြင့် ဖြစ်ပါတယ်။ အသောကဘုရင်ရဲ့ ဘ၀ဇာတ်ကြောင်းကိုကျောက်စာရေးသားချက်တွေကပိုပြီးခိုင်ခိုင်မာမာပြောပြနေပါတယ်။ ကျောက်စာတွေထဲကအတိုင်းပြောရရင်တော့ အသောက ဘုရင်ဟာ နန်းစံနှစ် (၇) နှစ်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့တယ်။ ဗုဒ္ဓဘာသာ ၀င်ဖြစ်ပြီး ၂ နှစ်ခွဲလောက်ထိ သူဟာ ဗုဒ္ဓဘာသာကိုလေးလေးနက် မသက်ဝင်ခဲ့သေးဘူးလို့ ခန့်မှန်းရမှာ ဖြစ်တယ်။ နန်းစံနှစ် (၈) နှစ်မှာကလိင်္ဂတိုင်းကိုစစ်နိုင်ခဲ့တယ်၊ ဒီ စစ်ပွဲအတွင်းမှာအပြစ်မဲ့ ပြည်သူများစွာသေကြခဲ့ရတာကိုအသောကဘုရင်မြင်တွေ့ ခဲ့ရတယ်။ စစ်သုံ့ပမ်းတွေကို ပြည်နှင်ဒဏ်ပေးခဲ့တယ်။ ကလေးသူငယ်တွေ မိတကွဲ၊ ဖတကွဲ ဖြစ်ခဲ့ကြရ သလို ၊ လင်ဆုံး၊ သားဆုံး၊ မယားဆုံးလို့ ပူဆွေးသောက ရောက်နေတဲ့ စစ်ဒဏ်ထိပြည်သူတွေကို အသောကဘုရင်တွေ့မြင်ခဲ့ရတယ်။ ဒီလို စစ်ရဲ့ အနိဋ္ဌာရုံမြင်ကွင်းကို မြင်တွေ့ခဲ့ရတဲ့ အသောကဘုရင်ဟာအလွန်စိတ်မချမ်းမမြေ့ဖြစ်ခဲ့ရပြီး စစ် ကိုစက်ဆုပ်သွားခဲ့တယ်။ တိုက်ခိုက်သတ်ဖြတ်ပြီး ဖြစ်ပေါ်ရရှိလာတဲ့အောင်ပွဲကိုအလွဲအောင်ပွဲ အဖြစ်သိမြင်လက်ခံခဲ့ပြီးတော့တကယ့် အောင်ပွဲဆိုတာ ဟာအကြမ်းဖက်၊ နှိပ်ကွပ်မူ မပါတဲ့ ဗုဒ္ဓမြတ်စွာရဲ့ ဓမ္မ၊၀ိနယအဆုံးမတွေပေါ်မှာအခြေခံတဲ့ အောင်ပွဲသာ ဖြစ်တယ် လို့ လက်ခံသိမြင်လာခဲ့တယ်။ အဲဒီနောက်တစ်နှစ်ကျော်ကာလပတ်လုံးဗုဒ္ဓမြတ်စွာရဲ့တပည့်သာဝကသံဃာတော်အရှင်မြတ်တွေကို ဆည်းကပ်ခဲ့တယ်။ ကောင်းမှုကုသိုလ်များစွာပြုခဲ့တယ်၊ ကိုယ်ကျင့် သီလတွေ ယုံယုံကြည်ကြည်ကျင့်ကြံခဲ့တယ်။ ကျောက်စာ နံပါတ် (၈) မှာ အသောကမင်းကြီးဟာ နန်းစံနှစ် (၁၀) နှစ်မှာ ‘’သမ္ဗောဓိ’’ ကိုသွားခဲ့တယ် လို့ ရေးထိုးထားတယ်။ ဒီရေးထိုးမူဟာ အသောကမင်းကြီးဟာသူကိုယ်တိုင်ထူးမြတ်တဲ့တရားအသိဉာဏ်ရရှိသွားခဲ့တယ်လို့အဓိပ္ပါယ်ထွက်သလိုဗုဒ္ဓမြတ်စွာသဗ္ဗညုတဉာဏ်တော်ရရှိတော်မူခဲ့တဲ့ ဗုဒ္ဓဂါယာဒေသ ကို သွားရောက်ခဲ့တယ် လို့လည်း အဓိပ္ပါယ်ထွက်နေပါတယ်။ အဲဒီအချိန်ကစပြီးအသောကဘုရင်ဟာဗုဒ္ဓမြတ်စွာရဲ့ဘ၀ဖြစ်စဉ်နဲ့ပတ်သက်တဲ့ နေရာဌာနတွေကိုဘုရားဖူးခရီးထွက်ခဲ့တယ်။ နောက်ထပ်ကျောက်စာတစ်ခုကတော့အသောကဘုရင်ဟာနန်းစံနှစ်(၁၂) နှစ်မှာဗုဒ္ဓမြတ်စွာဖွားတော်မူရာ လုမ္ဗိနီကိုသွားခဲ့တယ် လို့ ရေးထိုးထားပါတယ်။အသောက ဘုရင်ဟာ ဗုဒ္ဓ၀ါဒကို ထက်သန်တဲ့သဒ္ဓါတရားနဲ့ယုံကြည်ကိုးကွယ်ပြီးလိုက်နာကျင့်သုံးခဲ့ တယ်။သူ့သြဇာ ဖြန့်ကျန်မူအောက်မှာရှိတဲ့တိုင်းပြည် ဒေသအနှံ့မှာလည်းဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေ ထွန်းကားပြန့်ပွားအောင် ကြိုးစားဆောင်ရွက်ခဲ့တယ်။ စေတီပုထိုးတွေမှာ ဗုဒ္ဓ၀င်ကြောင်းချင်းရာ နတ်ပြည်လောက ရုပ်လုံးရုပ်ကြွတွေ ထုလုပ်တန်ဆာဆင်စေပြီး တိုင်းသူပြည်သားတွေကို ရုပ်ပုံတွေက တဆင့် ဗုဒ္ဓ၀ါဒ အဆုံးအမတွေကို သင်ကြားပေးခဲ့တယ်။ ဒီလိုသင်ကြားမူတွေကြောင့် အရင်တုန်းက ဗုဒ္ဓ၀ါဒအကြောင်းဘာမှမသိကြရတဲ့သာမာန်ပြည်သူတွေဟာနတ်သားနတ်သမီးတွေအကြောင်းနတ်ပြည်လောကအကြောင်းကိုသိကြရတယ်လို့ကျောက်စာများစွာမှာရေးထိုးဖော်ပြထား ပါတယ်။ နန်းစံနှစ်(၇) နှစ်ကစပြီး(၂၇) နှစ်အထိအသောဘုရင်ကြီးဟာ ဗုဒ္ဓသာသနာတော်ပြန့်ပွားထွန်းကားဖို့ကြိုးစားဆောင်ရွက်ခဲ့ပြီး ဒီဆောင်ရွက်မူတွေကို ကျောက်စာမှတ်တမ်းတွေနဲ့ ရေးထိုးမှတ်တမ်းတင်ခဲ့တယ်။ဒီလို ရေးထိုးထားခဲ့တဲ့ ကျောက်စာအများစုကိုရှာဖွေတွေ့ရှိခဲ့ကြပြီး ဖြစ်ပါတယ်။အချို့ကျောက်စာတွေကို ပြောင်ချောနေတဲ့ ကျောက်ပြားတွေပေါ်မှာ ရေးထွင်း ထားခဲ့ပြီး ကျောက်ချပ်စာလို့ခေါ်ကြတယ်။ အချို့ကျောက်စာတွေကို ကြီးမားတဲ့ သဲကျောက်လုံးတိုင်ကြီးတွေပေါ်မှာ ရေးထွင်းခဲ့ပြီး ကျောက်စာတိုင် လို့ခေါ်ကြပါတယ်။ ကျောက်ချပ်စာ ကိုဘဲ နောက်ထပ် နှစ်မျိုးခွဲခြားနိုင်ပါတယ်။ အဓိက ကျောက်ချပ်စာ(၁၄)ချပ်ကို အသောက ဘုရင်အုပ်ချုပ်စိုးစံသွားခဲ့တဲ့ ဂါနာအပါအ၀င်တိုင်းပြည်နယ်စပ် တစ်လျှောက် ဒေသ(၇) နေရာကနေရှာဖွေတွေ့ရှိခဲ့ကြတယ်။အဲဒီကျောက်ချပ်တွေမှာရှည်လျားတဲ့ကျောက်စာမှတ်တမ်းတွေပါဝင်ပြီး ကျောက်စာမှတ်တမ်းတွေရဲ့ အရေးကြီးတဲ့အချက် လက်တွေကို တွေ့ရှိကြရပါတယ်။သေးငယ်တဲ့အခြား ကျောက်ချပ်စာတွေကိုတော့အိန္ဒိယနိုင်ငံ၊အလယ်ပိုင်းနဲ့တောင်ပိုင်းဒေသက နေရာ (၇) နေရာမှာရှာဖွေတွေ့ရှိခဲ့တယ်။ ဒီ ကျောက်စာတွေဟာ အများအားဖြင့် ဗုဒ္ဓ၀ါဒနဲ့ သက်ဆိုင်နေပြီး အချို့ကျောက်စာတွေမှာတော့ အသောကဘုရင်ရဲ့မင်းကျင့်တ ရားဆိုင်ရာကျင့်ထုံးတွေကိုရေးထိုးထားပါတယ်။အသောကဘုရင်က လေ့လာသင်ယူကြဖို့တိုက်တွန်းထား တဲ့ဗုဒ္ဓတရားတော်သုတ်(၇)သုတ်ပါတဲ့မှတ်တမ်းကျောက်စာချပ်ကို ‘’ဘရတ်ထ်’’ မှာတွေ့ရှိခဲ့ပြီး အဲဒီကျောက်ချပ်စာ ဟာ အသေးစားတွေထဲက တစ်ချပ်ဖြစ်ပါတယ်။ အကြီးစား၊အသေးစားကျောက်စာတိုင်တွေများစွာ လည်းယနေ့ခေတ် ထိအောင်ကျန်ရစ်ခဲ့ပါတယ်။ ကျောက်စာတိုင်(၆)တိုင်၊သို့မဟုတ်(၇)တိုင်ကိုအဓိက အားဖြင့်အိန္ဒိယနိုင်ငံအလယ် ပိုင်းက နေရာ(၆) နေရာမှာ တွေ့ရှိခဲ့တယ်။ ကျောက်စာတိုင်တွေမှာ ရေးထိုးထားတဲ့မှတ် တမ်းတွေဟာ အများအားဖြင့် ကျောက်ချပ်စာတွေမှာပါသလို ဗုဒ္ဓဓမ္မဆိုင်ရာ အဆုံးအမတွေဖြစ်ပါတယ်။ အဲဒီကျောက်စာတိုင်တွေကိုအသောကဘုရင် နန်းစံနှစ် (၂၆) နှစ်မှာ ရေးထိုးစိုက်ထူခဲ့တာဖြစ်တယ်။အသေးစားကျောက်စာ တိုင်တွေကို ဗုဒ္ဓ၀င်နေရာတွေဖြစ်တဲ့ ‘’ဆာရာနတ်ထ်’’လို၊ ‘’ဆန်ချီ’’ လို နေရာတွေမှာ တွေ့ရများတယ်။ ဒီကျောက်စာတိုင်တွေ ကတော့ ဗုဒ္ဓမြတ်စွာရဲ့ တပည့် သံဃာ့အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့အကြောင်းရာတွေ ပါဝင်နေတယ်။ ပြီးတော့ သံဃာတွေ မညီမညွတ်ဂိုဏ်းကွဲသွားနိုင် တဲ့ အန္တာရာယ်တွေကိုလည်း သတိပေးရေးထိုးထားပါတယ်။ ဒီကျောက်စာတိုင်တွေရဲ့ ထိပ်ဆုံးမှာ အများအားဖြင့်သတ္တ၀ါတစ်မျိုးမျိုးနဲ့ တန်ဆာဆင်ထားတယ်။ ‘’ဆာရာနတ်ထ်’’မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ကျောက်စာတိုင်ရဲ့ ထိပ်မှာ ခြင်္သေလေးကောင်း လေးဘက်လေးတန်မျက်နှာမူနေပုံထွင်းထုထားပြီးအောက်ဘက်မှာ ဓမ္မစကြာလှည်းဘီး တွေပါတယ်။ဒီလက်ရာပြောက်မြောက်လှတဲ့ အသောကဘုရင်ရဲ့ သင်္ကေတအမှတ်တံဆိပ်ကို ဒီနေ့ခေတ် အိန္ဒိယနိုင်ငံရဲ့ နိုင်ငံတော်အမှတ်တံဆိပ်အဖြစ် အသုံးပြုထားပါတယ်၊ပြီးတော့ဓမ္မလှည်းဘီးပုံကိုတော့အိန္ဒိယနိုင်ငံရဲ့ နိုင်ငံတော်အလံပေါ်မှာတွေ့မြင်နိုင်ပါတယ်။ အသောကဘုရင်ရဲ့ကျောက်စာတွေကို(၁၉)ရာစုနှစ်ကစပြီးပညာရှင်တွေစတင်တွေ့ရှိခဲ့ကြတယ်။မကြာသေးခင်နှစ်များထိဆက် လက်တွေ့ရှိနေဆဲဖြစ်တယ်။၁၉၄၉ခုနှစ်မှာအာမေးနီးယန်း ဘာသာနဲ့ ရေးထိုးထားတဲ့အသောက ဘုရင်ရဲ့ကျောက်စာတစ်ချပ်ကိုအာဖရိကန်နစ်စတန်နိုင်ငံလမ်ပါက ဒေသမှာရှာဖွေတွေ့ရှိခဲ့တယ်။ဂရိ၊အာမေးနီးယန်း နှစ်ဘာသာ ရေးထိုးထားတဲ့ ကျောက်စာကိုတော့၁၉၅၈ ခုနှစ်က ကန်ဒဟာရ် ဒေသမှာတွေ့ရှိခဲ့တယ်။ ၁၉၆၆ ခုနှစ်မှာဒေလီမြို့နယ်အစပ်မှာ လည်း ကျောက် စာချပ်တစ်ချပ်တွေ့ရှိခဲ့ တယ်။ကျောက်စာ (၃၀) ကျော်ကို အတည်ပြုထားနိုင်ခဲ့ပြီးဖြစ်တယ်။ဂျိမ်း ပရင့်ဆပ် က ၁၈၇၃ ခုနှစ်မှာ အသောကကျောက်စာတွေရဲ့အဓိပ္ပါယ်တွေကို စတင် ဖော်ထုတ်နိုင်ခဲ့တဲ့ အချိန်ကစပြီး တဖြည်းဖြည်းအဓိပ္ပါယ် ပိုကောက် နိုင်ခဲ့ရာကနေ အခုတော့ကျောက်စာချပ်တွေရဲ့ စကားအဓိပ္ပါယ်ကို အပြည့်အ၀ နီးပါးနားလည်နိုင်ကြပြီဖြစ်ပေမဲ့ ဒွိဟဖြစ်စရာ ကျောက်စာ အဓိပ္ပါယ်များစွာလည်း ကျန်ရှိနေပါသေးတယ်။ အသောကမင်ကြီးဟာဗုဒ္ဓ၀ါဒရဲ့သင်ကြားမူဖြစ်တဲ့လူသားအားလုံးဟာအခြေခံအားဖြင့်အဆင့်တန်းတူညီတယ် ဆိုတဲ့ ဆုံးအမကို လက်ခံယုံကြည်ခဲ့တယ်။ ဒါကြောင့်မို့ သူ အပါဝင် လူသား အားလုံးဟာ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးမတရားတော်တွေကို လိုက်နာကျင့်သုံးဖို့လိုတယ်။ လူသားအားလုံးဟာကရုဏာ တရားကိန်းအောင်းပြီးရိုးသားဖြူစင်ဖို့လိုတယ်လို့ယုံကြည်ယူဆခဲ့တယ်။ ဘုရင်မင်းမြတ်ဟာသူ့ရဲ့ပြည်သူ ပြည်သားတွေကိုသက်ရှိ သတ္တ၀ါတွေ အားလုံးအပေါ်မှာသနားကြင်နာဖို့၊ မှန်ကန်စွာ ပြောဆိုဖို့၊ စိတ်ရှည် သည်းခံဖို့အကူညီမဲ့နေသူတွေကိုကူညီဖို့ တိုက်တွန်းခဲ့တယ်၊အားပေးခဲ့တယ်။ဆိုခဲ့တဲ့လူသားကျင့်ဝတ်တွေဟာအလွန်ရိုးရှင်းနေပေမဲ့၊ အသောကမင်းကြီးကတော့ ဒီကျင့်ဝတ်တွေဟာ ဘယ်တော့မှ ဖောက်ပြန်ပြောင်းလဲမူ မရှိတဲ့လူသားအားလုံးလိုက်နာ ကျင့်သုံးသင့်တဲ့သစ္စာတရားတွေအဖြစ်ယုံကြည်လက်ခံခဲ့တယ်။ အဲဒီ ကျင့်ဝတ်တွေကိုနောက် အနာဂတ် မျိုးဆက်တွေ လက်ဆင့်ကမ်းဖို့အတွက် သူဟာဆိုခဲ့ပြီးတဲ့ ကျောက်စာချပ်၊ ကျောက်စာတိုင်တွေမှာရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ကိုယ့်လို ဝေဒနာခံစားမူရှိတဲ့သတ္တ၀ါအားလုံးရဲ့အသက်ကို လေးစားတန်ဖိုးထားဖို့အရေးကြီးတယ်ဆိုတဲ့အချက်ကိုအသောကမင်းကြီးရဲ့ ကျောက်စာတွေမှာထပ်ခါတလဲလဲ ဖော်ပြရေးထိုးထားခဲ့ပါတယ်မလိုအပ်ဘဲသတ်ဖြတ်ညဉ်းဆဲခြင်းကို ဥပဒေနဲ့ ပိတ်ပင်တားမြစ်ခဲ့တယ်။ အကယ်၍ သတ္တ၀ါတွေကို မဖြစ်မနေသတ်ဖြတ်ရမယ် ဆိုရင်တောင် ကိုယ်ဝန်ဆောင် မိခင်နဲ့ငယ်ရွယ်တဲ့သတ္တ၀ါတွေကိုလုံးဝမသတ်ရဘူး။တိုင်းပြည်အနှံ့မှာ ဆေးရုံတွေ ဆောက်လုပ်ပေးခဲ့တယ်၊ ဆေးရုံတစ်မျိုးက လူတွေ အတွက်ဖြစ်ပြီး၊ နောက်ထပ် ဆေးရုံတစ်မျိုးက တိရစ္ဆာန်တွေအတွက်ဖြစ်တယ်။ ဆေးဝါးကုသဖို့လိုအပ်တဲ့ ဆေးပင်တွေကို အထူးစိုက်ပျိုးစေခဲ့ တယ်၊လမ်းဘေးတွေမှာအရိပ်ရသစ်ပင်တွေစိုက်ပျိုးစေခဲ့တယ်။ရေတွင်းရေကန်ပေါင်းများစွာတူးဖော်စေခဲ့တယ်။ခရီးသည်တွေနားခိုဖို့ဇရပ်၊နားနေရန်ဌာနတွေ၊ သောက်သုံးရေစင်တွေ ခရီး လမ်းမတွေရဲ့ဘေးမှာ တည်ထားစေခဲ့တယ် (ကျောက်စာ ၃) ၊ ဒီလို ကူညီစောင့်ရှောက်ခြင်းနဲ့ အသောကမင်းကြီးဟာ သူ့တိုင်းပြည်က ပြည်သူပြည်သားတွေရဲ့ ဘ၀ကို ငြိမ်းချမ်းသာယာစေခဲ့တယ်၊ လူအပါအ၀င် သတ္တ၀ါအားလုံးရဲ့အပေါ်မှာထားရှိတဲ့ သူ့ရဲ့ မေတ္တာတရား၊ သနားစောင့်ရှောက်မူ (ဒယာ)တရားတွေကို ဖော်လှစ်ပြသခဲ့ပါတယ်။ အသောကမင်းကြီးရဲ့ကျောက်စာတွေမှာမိဘ၊ဆရာသမားနဲ့ သက်ကြီးဝါကြီးတွေရဲ့ဆုံးမစကားကို ရိုသေလေးစားဖို့အ ရေးကြီးကြောင်းကိုလည်း ထပ်ခါတလဲလဲဖော်ပြထားတယ်။ သက်ကြီးရွယ်အိုတွေကို ယဉ်ကျေးစွာဆက်ဆံဖို့လမ်းညွှန်ထား တယ်။ မိတ်ဆွေတွေ၊ ပညာရှိ၊ သမဏ၊ ဗြာဟ္မဏတွေ၊ ဆင်းရဲသားတွေ၊ကျေးကျွန်တွေကို ကောင်းမွန်စွာ ဆက်ဆံဖို့၊ဘယ်အဆင့်တန်းမှာဘဲဖြစ်ဖြစ်လူသားတစ်ဦးစီမှာရှိတဲ့လူသားဂုဏ်သိက္ခာကို လေးစားဖို့တိုက်တွန်းထားတယ်။ဒီအပြင်သာမဏ၊ ဗြာဟ္မဏတွေနဲ့ဘုန်းတောင်းယာစကာတွေကို ဆွမ်း၊ ထမင်းလှူဒါန်းစွန့်ကျဲဖို့ လည်း လမ်းညွှန်ထားပါတယ်။ အသောကမင်းကြီး ကိုယ်တိုင်လည်းအမဲလိုက်လေ့ရှိတဲ့ ၀ါသနာကို စွန့်လွတ်ခဲ့ပြီး တိုင်းပြည်အနှံ့ ဓမ္မခရီးတွေလှည့်လည်ခဲ့ကြောင်း ကျောက်စာမှာ ရေးထိုးဖော်ပြထားတယ်။ (ကျောက်စာ - ၈) ဒီလို ဓမ္မခရီးထွက်တဲ့အခါ အသောကဘုရင်ဟာ ဘာသာရေးခေါင်းဆောင်ကျမ်းတတ်ပုဂ္ဂိုလ်တွေကိုသွားရောက်ဖူးမြင် တယ်၊ဆွမ်းပစ္စည်းတွေလှူဒါန်းထောက်ပံ့တယ်၊ပြီးတော့သာမာန်ပြည်သူ၊ ပြည်သားတွေနဲ့ တွေ့ဆုံပြီးသူသိထားတဲ့တရား ဓမ္မတွေနဲ့သူတို့ကို ဟောပြောဆုံးမပါတယ်။ဒီလိုဓမ္မခရီးထွက်ရတာကို အသောကမင်းကြီးအလွန်နှစ်သက်မြတ်နိုးတယ်။ ဘုရင်မင်းကြီး ဟာ အလှူတကာ့ အလှူတွေထဲမှာ ဓမ္မ အလှူကိုအမြတ်ဆုံးလို့ ခံယူထားပြီး ဒီလို သူသိတဲ့ တရားဓမ္မတွေကိုမျှဝေရင်း ဓမ္မမိတ်ဆွေပေါင်းများစွာနဲ့ ချစ်ကြည်မူရယူခဲ့တယ်။ တရားဓမ္မဟောကြားခြင်းဟာ ဟောကြားသူအတွက် ဒီဘ၀မှာ လည်း ကောင်းကျိုး တရားတွေရမယ် ..နောင်သံသရာမှာလည် မရေမတွက်နိုင်တဲ့ အကျိုးတရားတွေရမယ်လို့အသောကမင်းကြီး ယုံကြည်ပါတယ်။ ပြည်သူပြည်သားတွေကိုကာမဂုဏ်အာရုံတွေကိုအလွန်ကျူးမလိုက်စားဖို့၊ကာမဂုဏ်ဆန္ဒတွေကိုပညာနဲ့ထိန်းကြောင်းဖို့ ဟောပြောလေ့ရှိတယ် လို့ ကျောက်စာတွေမှာ မှတ်တမ်းတင်ထားတယ်။ အသောကမင်းကြီးဟာတိုင်းပြည်ကိစ္စကို ဆောင်ရွက်ရာမှာ အလွန်လုံ့လပြုတယ်။ နိုးကြားတယ်။တိုင်းရေးပြည်ရေးကိစ္စကြုံလာရင်သူပွဲတော်တည်နေသည်ဖြစ်စေ၊မိဘုရားဆောင်ရောက်နေသည်ဖြစ်စေ၊ ဥယျာဉ်တော်မှာပျော်ပွဲစားနေ သည်ဖြစ်စေ၊ ချက်ချင်းသတင်းပို့ရမယ်လို အမိန့်ထုတ်ထားပါတယ်။မင်းကြီးဟာ ရှင်ဘုရင်ကောင်းတစ်ပါးဖြစ်အောင် ကြိုးစားခြင်း ၊ကျင့်ကြံခြင်းဟာတိုင်းပြည်ဘုရင်တစ်ပါးက ပြည်သူတွေအတွက် ဆောင်ရွက်ရမဲ့ တာဝန်ဝတ္တရားတစ်ရပ်အဖြစ်ခံယူထားပါတယ်။ကမ္ဘာပေါ်ကသက်ရှိအားလုံးရဲ့အကျိုးစီးပွားကို ဆောက်ရွက်ရတာ၊ ဆောက်ရွက်လို့ ဖြစ်ပေါ်လာတဲ့ အကျိုးစီးပွားတွေကို ဆထက်တပိုး တိုးပွားလာအောင်ကြိုးစား အားထုတ်နေတာဟာအမွန်မြတ်ဆုံးအလုပ်လို့အသောကမင်းကြီးခံယူထားပါတယ်။သူရဲ့အုပ်ချုပ်စီမံမူအားလုံးဟာ ပြည်သူပြည်သားနဲ့သက်ရှိအားလုံးအပေါ်မှာ တင်ရှိနေတဲ့ ကျေးဇူးတရား၊ သံသရာကြွေးကိုဆပ်နေရတာဖြစ်တယ်လို့လည်း သူ ခံယူထားပါတယ်။ အသောကမင်းကြီးဟာ ပြည်သူ၊ ပြည်သား သတ္တ၀ါအားလုံးကို ယခု မျက်မှောက်ဘ၀မှာလည်း ပျော်ရွှင်ချမ်းမြေ့စေချင်တယ်၊ နောင်သံသရာမှာလည်း ကောင်းမွန်တဲ့ သုဂတိဘုံဘ၀တွေမှာခံစားပျော်ရွှင်စေချင်တယ်။ သူဟာ သူမှတပါး အခြား သတ္တ၀ါအားလုံးကိုသူ့ရဲ့ရင်ဝယ်သား၊သမီးများပမာသဘောထားကြောင်း ကျောက်စာမှာ ရေးထိုးထားခဲ့ပါတယ်။ (ကျောက်စာ - ၆) အသောကမင်းကြီးရဲ့ ကျောက်စာတွေထဲမှာ‘’ဓမ္မ’’ရဲ့ အဓိပ္ပါယ်ကိုအမျိုးမျိုးဖွင့်ဆိုထားတယ်။ ’’ကောင်းမြတ်မူ(sadhu)၊‘’မကောင်းမူမှကင်းစင်မူ’’‘’ကောင်းမူများစွာဖြင့် ပြည့်စုံမူ’’၊’’သနားစောင့်ရှောက်မူ’’၊ ‘’ပေးကမ်း စွန့်ကြဲမူ’’၊ ‘’မှန်ကန်မူ သစ္စာတရား’’၊ ‘’ကိုယ်၊ နူတ်၊နှလုံးစင်ကြယ်မူ’’စသည်ဖြင့် တွေ့ရပါတယ်။ တရားဓမ္မကို သိရှိနားလည်ခြင်း၊ မျက်မှောက်ပြုခြင်းဆိုတဲ့ အဓိပ္ပါယ်မှာ”သနားစောင့်ရှောက်မူရှိခြင်း’’၊ ‘’လွတ်လွတ် ပေးကမ်းစွန့်ကြဲနိုင်ခြင်း’’၊ ‘’သစ္စာတရား’’၊ ‘’စိတ်နှလုံး စင်ကြယ်မူ”၊ “စိတ်နှလုံး နူးညံ့မူ”၊ “ကောင်းမြတ်မူ” စတဲ့ ကောင်းမြတ်တဲ့ အရည်သွေးတွေပါတယ်။ လူတစ်ယောက်ဟာ ‘’ပေးကမ်းစွန့်ကြဲမူ” ကိုတော့ လုပ်တယ်၊ သိုသော် သူဟာ အာရုံတွေအပေါ်မှာထိန်းချုပ်ထားနိုင်စွမ်းမရှိဘူးဆိုရင်၊သူတထူးရဲ့ ကျေးဇူးတရားတို့ကို ချေပတတ်ရင်၊ခိုင်မြဲတဲ့ ရိုးသားစင်ကြယ်မူ မရှိဘူးဆိုရင်၊ အထူးကောင်းမွန်သူ မဟုတ်သေးဘူး၊ နိမ့်ကျနေသေးတယ်လို့ ဆိုထားပါတယ်။ ဒီအပြင် ‘’ရက်စက်ကြမ်းကြုတ်မူ’’၊ ‘’လူသားမဆန်မူ’’၊ ဒေါသ၊ မာနတရားများ၊ မနာဝန်တိုမူ စတဲ့ အကုသိုလ်တရားတွေဟာ စိတ်ညစ်နွမ်းမူ ကိလေသာတရားတွေကို ပိုပြီး တိုးပွားစေလိမ့်မယ် လို့ အသောကမင်းကြီးဟာ သူ့ရဲ့ကျောက်စာထဲ မှာ သတိပေးရေးထိုးထားတယ်။ ‘’ကောင်းမူပြု ဖို့ ဆိုတာ မလွယ်ဘူး၊ ကောင်းတာတွေကို ပြုလုပ်အားထုတ်တဲ့အခါအစ မှာတော့အခက်ခဲတွေ့ရ လိမ့်မယ်’’လို့ ဖော်ပြထားတယ်။အဲဒီနောက်မင်းကြီးကသူဟာ ကောင်းမူများစွာကို အားထုတ်ခဲ့ပြီးပြီ လို့ဆက်လက်ရေးထိုးထား တယ်။ (ကျောက်စာ ၄ - ၅ ) အသောကမင်းကြီး ဟာ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးမတော်တွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ဓမ္မအမြင် အယူဆတွေကိုနည်း လမ်းနှစ်ခုနဲ့ ပြန့်ပွားထွန်းကားအောင်အားထုတ်ခဲ့တယ်။ပထမနည်းက အာဏာစက်နဲ့ ဥပဒေပြဋ္ဌာန်းခြင်း အားဖြင့် တရားဓမ္မတည် တံ့ပြန့်ပွားစေခြင်းဖြစ်တယ်။ တရားဓမ္မနဲ့ပတ်သက်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းခဲ့တယ်။ဒီဥပဒေတွေဟာအထူးသဖြင့် သတ္တ၀ါတွေကိုညဉ်းဆဲသတ်ဖြတ်ခြင်းနဲ့သက်ဆိုင်တယ်။အသောကမင်းကြီးဟာဒီလိုဥပဒေပြဋ္ဌာန်းခြင်းနည်းလမ်းနဲ့သူရဲ့သတ္တ၀ါတွေအပေါ်ညဉ်းဆဲသတ်ဖြတ်ခြင်းနဲ့ဆိုင်တဲ့ဓမ္မအမြင်၊ကျင့်သုံးဆောက်တည်မူကိုသူ့တိုင်းပြည်က ပြည်သူ၊ ပြည်သားတွေကိုလည်းအာဏာစက်နဲ့ကျင့်သုံးဆောက်တည်စေခဲ့တယ်။ တရားဓမ္မတည်ရှိစေခဲ့တယ်။ နောက်တစ်နည်းကတော့တရားဓမ္မတွေကိုဆင်ခြင်ပွားများစေခြင်း၊ကိုယ်တိုင်သိမြင်အောင် ကျင့်ကြံအားထုတ်စေခြင်းဖြင့် တည်တံ့ပြန့်ပွားစေခြင်းဖြစ်တယ်။ဒီနည်းလမ်းနဲ့တိုင်းသူ ပြည်သားတွေဟာသတ္တ၀ါတွေကိုသတ်ဖြတ်ညဉ်းဆဲခြင်းမပြုဖို့တားမြစ်ရတဲ့အကြောင်းရင်းကို လေးလေးနက်နက်သဘောပေါက်နားလည်သွားကြလိမ့်မယ်။ ပြီးတော့ဒီနားလည်သိမြင်မူ ကနေ သူတို့ရဲ့အခြား ပြုလုပ်အားထုတ်မူတွေမှာ လည်းတရားဓမ္မနဲ့ယှဉ်ပြီး ပြုလုပ်အားထုတ်သွားကြလိမ့်မယ် လို့ ဖော်ပြထားပါတယ်။ ဒီလို ကိုယ်တိုင်ဆင်ခြင်ပွားများခြင်း၊ ကျင့်ကြံအားထုတ်ခြင်းဖြင့်သိရှိတဲ့ တရားဓမ္မအမြင်ဟာ ဥပဒေ တားမြစ်ချက်ကြောင့် ကျင့်ကြံရတဲ့ တရားဓမ္မထက်ပိုပြီး အဆင့်တန်းမြင့်ကြောင်းလည်း ရေးထိုးထားပါတယ်။ (ကျောက်စာ - ၇ ) ဘုရင်မင်းမြတ်ဟာ သတ္တ၀ါတွေရဲ့အသက်ကို မသတ်ဖို့၊ သက်ရှိအားလုံးကို တန်ဖိုးထားဖို့၊ လူအချင်းချင်း ရိုသေမူ ဂါရ၀တရား ထားဖို့ အထူးအလေးပေးခဲ့တယ်။ သေမိန့်သေဒဏ် ကျခံနေရတဲ့ရာဇ၀တ်သားတစ်ယောက်ကိုတောင်မှ ဆွေမျိုးမိဘတွေနဲ့တွေ့ဆုံဖို့၊ နောင်သံသရာအတွက် ကောင်းမူကုသိုလ်ပြုလုပ်ဖို့ အတွက် အမိန့်မချမှတ်ခင် (၃) ရက် လွတ် ငြိမ်းချမ်းသာ ခွင့်ပေးခဲ့တယ်။ အသောကမင်းကြီးရဲ့နန်းစံသက် (၂၆) နှစ်အတွင်းမှာ (၂၅) ကြိမ်တိုင်တိုင် ရာဇ၀တ်သားတွေကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့တယ်။ (ကျောက်စာ - ၅) အသောကမင်းကြီးအထူးညွှန်ပြရေး ထိုးထားတဲ့ ‘’သူတပါးအ သက်ကို လေးစားမူ’’ ဆိုတဲ့ တရားဓမ္မဟာကိုယ်မှတပါး အခြားသောသတ္တ၀ါတွေဟာကိုယ်လိုဘဲအသက်ရှင်သန်လိုတယ်ခံစားတတ်တယ်ဆိုတဲ့ခံစားသိမြင်မူကိုယ်ချင်းစာတရားပေါ်မှာ အခြေခံထားတာဖြစ်တယ်။ အသောကမင်းကြီးအထူးအလေးနက်ထားတဲ့အခြားကောင်းမြတ်တဲ့တရားဓမ္မတွေကတော့ ‘’ကြင်နာသနားမူ”၊ ‘’ပေးကမ်းစွန့်ကြဲမူ’’၊ ‘’မှန်ကန်ခြင်း သစ္စာတရား’’၊ ‘’ကိုယ်နူတ်စိတ် စင်ကြယ်မူ’’၊ ‘’မိခင်၊ ဘခင်တွေရဲ့ ဆုံးမစကားကို နားထောင်မူ’’၊’’အခြားသူတွေရဲ့အပေါ်မှာ တရားမျှတစွာ ပေါင်းသင်းဆက်ဆံမူ’’ ၊‘’မိမိနေထိုင်တဲ့လူ့ပတ်ဝန်းကျင်ရဲ့ ကျေးဇူးတရားတွေကို နားလည်သိရှိမူ’’ စတဲ့ အရည်အသွေးတွေဖြစ်တယ်။ အသောကမင်းကြီးသိမြင်တဲ့ တရားဓမ္မတော်တွေ ဟာကြွယ်ဝပြည့်စုံလှပါ တယ်။ အသောကမင်းကြီးဟာကျင့်သုံးဖို့သူလမ်းညွှန်တိုက်တွန်းထားတဲ့တရားဓမ္မတွေကိုတိုင်းသူပြည်သားတွေ လိုက်နာမူရှိမရှိ စိစစ်စုံစမ်းဖို့၊ စစ်ဆေးဖို့ အတွက် ဓမ္မရေးရာ ၀န်ကြီးတွေကို ခန့်အပ်ထားခဲ့တယ်။အဲဒီဓမ္မရေးရာဝန်ကြီးတွေဟာငါးနှစ်တစ်ကြိမ်သက်ဆိုင်ရာနယ်တွေကို သွားရောက်စုံစမ်း၊ စစ်ဆေးကြရတယ်။ (သီးခြားကျောက်စာ -၁၊ Dhauli) ။ အသောမင်းကြီးရဲ့ အရှည်လျားဆုံးရေးထိုးခဲ့တဲ့ ကျောက်စာ နံပါတ် (၁၄) မှာ၊မင်းကြီးရဲ့ တရားဓမ္မအမြင်တွေဟာ ဗုဒ္ဓ၀ါဒကလာတယ်လို့အတိအကျဖော်ပြမထားတဲ့အတွက်ကြောင့် အချို့ပညာရှင်တွေက မင်းကြီးရဲ့ဓမ္မအမြင်ဟာ ဗုဒ္ဓ၀ါဒ ဟုတ်လေမလား ဆိုတဲ့ သံသယတွေရှိကြပါတယ်။သို့သော်လည်း မင်းကြီးရဲ့ ဓမ္မအမြင်ဟာ ဗုဒ္ဓ၀ါဒမှတပါးသော အခြားဘာသာရေးဝါဒ တစ်ခုခုပေါ်မှာ အခြေခံတယ်လို့တော့ ပြောနိုင်စရာမရှိဘူး။ဥပမာ - ဟိန္ဒူဝါဒက ‘’မနုဓမ္မသတ်” မှာ သုံးနှုန်းထားတဲ့ “ဓမ္မ” ဆိုတဲ့အသုံးနှုန်းရဲ့ အဓိပ္ပါယ်ဟာ တရားစီရင်ရေး ဥပဒေ နဲ့သာ သက်ဆိုင်တယ်။ ‘’နိယာယ၀ါဒဂိုဏ်း’’ နဲ့ ‘’ဂျိန်းဝါဒ’’ မှာလည်း ‘’ဓမ္မ’’ ဆိုတဲ့ အသုံးနှုန်းကိုသုံးထားပါတယ်။ သို့သော်လည်း အဲဒီ အသုံးနှုန်းက ဆိုလိုတဲ့ အဓိပ္ပါယ်ဟာအသောကမင်းကြီးရဲ့ ကျောက်စာတွေက ‘’ဓမ္မ” အသုံးနှုန်းအဓိပ္ပါယ်နဲ့လုံးဝ ကွာခြားနေပါတယ်။ ‘’ဝေဒကျမ်း’’ နဲ့ ‘’ဥပနိသျှကျမ်းဂန်’’ တွေမှာသုံးနှုန်းထားတဲ့ ‘’ဓမ္မ” အဓိပ္ပါယ်ဟာ မင်းကြီးဆိုလိုတဲ့ အဓိပ္ပါယ်နဲ့တော့နီးစပ်တယ်၊ သို့သော် ထပ်တူကျတယ် လို့တော့ မပြောနိုင်ပါဘူး။’’ဥပနိသျှကျမ်းဂန်’’ တွေ ဦးတည်ထားတာက ‘’ဗြာဟ္မာနဲ့ အတ္တ၀ါဒ’’ ဖြစ်တယ်၊ ‘’ဓမ္မ’’ မဟုတ်ဘူး။ အသောကမင်းကြီးရဲ့ ဦးတည်မူကတော့ ‘’ဓမ္မ’’ သက်သက်သာဖြစ်တယ်။ ‘’ဘဂ၀ဂ်ဂီတ’’ မှာ ‘’ဓမ္မ’’ ဆိုတာ ‘’ကမ္မယောဂ’’ ကျင့်စဉ်ရဲ့ အဓိကကျတဲ့ကျင့်ဝတ်၊ ကျင့်ထုံးတစ်ခုဖြစ်ပြီး ‘’ဆွဓမ္မ’’ လို့ခေါ်တဲ့ ကျင့်ဝတ်၊ ၀တ္တရားတစ်ခုအဖြစ်တွေ့ရပါတယ်။ ‘’ဘဂ၀ဂ်ဂီတ’’မှာကောင်းမြတ်တဲ့ဓမ္မကျင့်ဝတ်၊ကျင့်ထုံးတွေကို ဖော်ပြထားပြီးအများအားဖြင့်အသောကမင်းကြီးရဲ့ကျောက်စာတွေမှာရေးထိုးထားတဲ့ဓမ္မသဘောထား အမြင်တွေနဲ့ တူညီနေတယ်။သို့သော် မတူတဲ့ အချက်ကဘာလဲ ဆိုတော့ ‘’ဘဂ၀ဂ်ဂီတကျမ်း’’က ‘’စစ်’’ ကို ချီးမွမ်းရေးသားထားပြီး အသောကမင်းကြီးက‘’စစ်’’ ကို ဆန့်ကျင် ရူတ်ချထားတဲ့ အချက်ဖြစ်ပါတယ်။ အခြား ဘာသာဝါဒတွေနဲ့ နှိုင်းယှဉ်တဲ့အခါ ‘’ဓမ္မ’’ ဆိုတဲ့အသုံးနှုန်းဟာ’’ဗုဒ္ဓ၀ါဒ’’ မှာ အဓိက အစိတ်ပိုင်းမှာ ရှိနေပါတယ်။ ‘’ဗုဒ္ဓ၊ ဓမ္မ၊သံဃာ’’ ဆိုတဲ့ ရတနာသုံးပါးမှာ ‘’ဓမ္မ’’ ဆိုတာ တပါးအပါဝင်ဖြစ်တယ်။ပြီးတော့အသေးစားကျောက်ချပ်စာတွေနဲ့ကျောက်စာတိုင်တွေမှာလည်းအသောကမင်းကြီးဟာသဒ္ဓါတရားထက်သန်တဲ့ဗုဒ္ဓ၀ါဒီဘုရင်မင်းမြတ်ဖြစ်ကြောင်းဖော်ပြထားတယ်။ ဒါကြောင့်မို့လို့ အသောကမင်းကြီးရဲ့ဓမ္မအမြင်၊ ဓမ္မသဘေားတရားတွေဟာ ‘’ဗုဒ္ဓ၀ါဒ’’ ရဲ့ ဓမ္မအမြင်၊ဓမ္မ သဘောတရား တွေသာဖြစ်ပါတယ်။ အသောကမင်းကြီးဟာသူကိုယ်တိုင်ကဗုဒ္ဓ၀ါဒီအဖြစ်ကူးပြောင်းခဲ့ပေမဲ့အခြားဘာသာတရားတွေကိုလည်းတရားနဲ့အညီချီးမြှောက်ခဲ့တယ်။ဘာသာတရားအားလုံးရဲ့ဘာသာရေးခေါင်းဆောင်တွေ၊ကိုးကွယ်ယုံကြည်သူတွေအားလုံးကိုပေးကမ်းလှူဒါန်းမှု၊ပူဇော်မူတွေပြုလုပ်ခဲ့တယ် လို့ ကျောက်နံပါတ် (၁၂) မှာဖော်ပြထားပါတယ်။ ကျောက်စာ နံပါတ် (၇) မှာ မင်းကြီးဟာဘာသာဝင်အားလုံးကိုသူ့ရဲ့တိုင်းပြည်အတွင်း နေရာတိုင်းမှာ နေထိုင်ကြစေလိုတယ်လို့ ထုတ်ဖော်ရေးထိုးထားတယ်။ ကျောက်စာတိုင် - နံပါတ် (၇) မှာတော့ မင်းကြီးဟာ ဗုဒ္ဓဘာသာသံဃာတော်တွေ ရဲ့ကိစ္စအ၀၀ကို ဆောင်ရွက်ဖို့အတွက်ဓမ္မရေးရာ ၀န်ကြီးတွေကိုခံအပ်ထားကြောင်း၊ အခြား ဘာသာတရားတွေဖြစ်တဲ့ ဗြာဟ္မဏ၀ါဒ၊ အာဇီဝိကာတွေနဲ့ ဂျိန်းဝါဒီ တွေအတွက်လည်း သက်ဆိုင်ရာ ဓမ္မ၀န်ကြီးတွေ ခန့်အပ်ထားကြောင်း မှတ်တမ်းတင်ထားခဲ့တယ်။ အသောကမင်းကြီးဟာ ဘာသာဝါဒ အားလုံးကိုတန်းတူညီမျှ စောင့်ရှောက်မူတွေပေးခဲ့ပေမဲ့ သူကိုယ်တိုင်ဟာ ထက်သန်တဲ့ ဗုဒ္ဓ၀ါဒီ တစ်ဦးဖြစ်ကြောင်းကို သူ့ဘ၀ ဇာတ်ကြောင်းတွေဖော်ပြနေတဲ့ ကျောက်စာရေးသားချက်တွေ မှာတွေ့မြင်နိုင်တယ်။ သူ့ရဲ့ နန်းစံနှစ် (၇) နှစ်ဝန်းကျင်မှာ အသောကမင်းကြီး ဗုဒ္ဓ၀ါဒသို့ ကူးပြောင်းခဲ့တာဖြစ်တယ်။ ရုပနထ် က ကျောက်ချပ်သေးရေးထိုးစာ အရ သူဟာ ကူးပြောင်းပြီး နှစ် နှစ်လောက်ထိ ဗုဒ္ဓ၀ါဒကို ကျေနပ်လောက်တဲ့ ထက်သန်မူမျိုး၊ လိုက်နာကျင့်ကြံတာမျိုး မလုပ်နိုင်ခဲ့သေးဘူး၊ အဲဒီ နောက်မှ တစ်နှစ်ကျော်ကာလ ပတ်လုံးသံဃာတော်တွေထံမှာ နီးကပ်စွာ ဆည်းကပ်ပြီး တရားဓမ္မကို စွမ်းစွမ်းတမံ ကျင့်ကြံပွားများနိုင်ခဲ့တယ်။ ‘’သံဃာအား ကပ်ရောက်၍’’ ‘’သံဃံ ဥပေတာ’’ဆိုတဲ့စကားဟာ အသောကမင်းကြီးဟာ သံဃာ့ဘောင်မှာ ရဟန်းသံဃာတစ်ပါးလို ကျင့်ကြံပွားများမူမျိုး ပြုလုပ်ခဲ့တယ် ဆိုတဲ့ အဓိပ္ပါယ် မျိုးကိုလည်းကောက်ယူနိုင်ပါတယ်။ ကျောက်စာ အမှတ် (၈) အရ အသောကမင်းကြီးဟာနန်းစံနှစ်(၁၀) နှစ်မှာ‘’သမ္ဗောဓိ’’ကိုသွားခဲ့တယ် ရေးထိုးထားပါတယ်။နိဂါလီသာဂါ ကျောက်စာတိုင်မှတ်တမ်းမှာနန်းစံနှစ်(၁၄) နှစ်အတွင်း ရှေးဘုရားရှင်ဖြစ်တဲ့ ကောဏာဂမဏ ဘုရားရှင်ကို ရည်စူးတည်ထားတဲ့ စေတီတော်ကိုပြုပြင်မွှမ်းမံခဲ့ပြီး လှူဒါန်းဖွယ်ရာတွေကို ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခဲ့တယ်လို့မှတ်တမ်းတင်ထားခဲ့တယ်။ လုမ္ဗိနီ ကျောက်စာတိုင်မှာတော့ မင်းကြီးဟာ နန်းစံနှစ် (၂၀) ကြာပြီးတဲ့နောက် ဘုရားရှင်ဖွားတော်မူရာဒေသကို ဘုရားဖူးခရီးသွားရောက်ခဲ့တယ်၊ အဲဒီနေရာမှာလည်း လှူဒါန်းဖွယ်ရာတွေလှူဒါန်းခဲ့တယ်။ ပြီးတော့ အဲဒီဒေသမှာ အထိမ်းမှတ်ကျောက်တိုင် စိုက်ထူစေခဲ့ပြီး၊ဒေသခံတွေရဲ့ အခွန်အတုပ်တွေကိုလည်း လျော့ပေါ့စေခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။‘’ဆန်ချီ၊ဆာရာနထ်နဲ့ ကောသမ္ဗီ’’ ဒေသက ကျောက်စာတွေမှာတော့ ဗုဒ္ဓဘာသာ သံဃာအဖွဲ့အစည်းအတွက် ဂိုဏ်းကွဲမူ ဘေးရန်သတိပေးထားပြီး၊ အကယ်၍ ရဟန်းတော်တစ်ပါးပါး ဖြစ်စေ၊ ရဟန်းမ တစ်ပါးပါး ဖြစ်စေ၊သံဃာအဖွဲ့စည်းရဲ့ ညီညွတ်မူကို ပျက်စီးစေပြီး ဂိုဏ်း၊ ဂဏ ကွဲပြားအောင် အားထုတ်ရင်သံဃာဘောင်က ထုတ်ပယ်ခြင်းခံရမယ်လို့ ရေးထိုးထားတယ်။ ဒီလို သံဃာဂိုဏ်းကွဲမူဘေးရန်နဲ့ ပတ်သက်ပြီး ကျောက်စာငယ်များစွာမှာ လည်းသတိပေးရေးထိုးထားတာတွေ့ကြရတယ်။ ဘာရတ် ကျောက်စာမှာတော့မင်းကြီးက သူဟာသာသနာတော်ကိုကြည်ညိုမြတ်နိုးတယ်။ဗုဒ္ဓ၀ါဒ၊ ‘’ရတနာ (၃) ပါး’’ အပေါ်မှာ ခိုင်မြဲတဲ့ သဒ္ဓါတရားနဲ့ ရိုသေမြတ်နိုးတယ်၊ ယုံကြည်ကိုးကွယ်တယ် လို့ အတိအလင်း ထုတ်ဖော်ရေးထိုးထားတယ်။ ဗုဒ္ဓမြတ်စွာရဲ့ တရား ဓမ္မတော်တွေအားလုံးဟာ ကောင်းမြတ်သည်ချည်းဖြစ်တယ်၊ သို့သော်နောင် အနာဂတ်မှာ ဗုဒ္ဓသာသနာတော် ဆက်လက်ထွန်းကားပြန့်ပွားဖို့ အတွက် အချို့သောသုတ္တံ၊ ဟောကြားဆုံးမမူတွေ အထူးအားဖြင့် လေ့လာသင်ယူသင့်တယ် လို့ တိုက်တွန်းထားပြီးအောက်ပါ အဆုံးမတရားတော် သုတ္တံဒေသနာ (၇) ခု ကို ဖော်ပြထားပါတယ်။ ၁။ ၀ိနယ သမုကသ ( အဋ္ဌက၀ဂ်၊ အဂုင်္တ္တရနိကာယ် ဒုတိယသုတ်လို့ ခန့်မှန်းကြတယ်) ၂။ အရိယ၀ါသာနိ ( သ င်္ဂီတိသုတ်၊ ဒသုတ္တရသုတ်၊ ဒီဃနိကာယ်) ၃။ အနာဂတ ဘာယာနိ (အင်္ဂုတ္တရနိကာယ်) ၄။ မုနိဂါထာ = မုနိသုတ္တ (သုတ္တံနိပါတ်) ၅။ မောနေယျသုတ္တ (အဂုင်္တ္တရနိကာယ်) ၆။ သာရိပုတ္တပသိနေ= သာရိပုတ္တသုတ္တ၊ သုတ္တံနိပါတ်) ၇။ ရာဟုလောဝါဒသုတ္တ (မဇ္ဈိမနိကာယ်) (ဒီသုတ္တံရည်ညွှန်းချက်တွေနဲ့ပတ်သက်ပြီးပညာရှင်တွေသဘောကွဲလွဲကြပေမဲ့၊သုတ္တံအားလုံးဟာယခုထိထိန်းသိမ်းထားဆဲ ဖြစ်တဲ့ပါဠိပိဋကတ်တော်ထဲကအပါအ၀င်သုတ္တံတွေဖြစ်ကြောင်း ကိုတော့အားလုံး လက်ခံကြတယ်) ဗုဒ္ဓမြတ်စွာရဲ့ စစ်မှန်တဲ့ သာသနာတော် ရှည်ကြာစွာတည်တံ့ဖို့၊ ထွန်းကားပြန့်ပွားဖို့၊ ရဟန်းတော်သံဃာ၊ရဟန်းမသံဃာ၊လူဥပါသကာ၊ဥပါသိကာ တွေဟာဆိုခဲ့တဲ့သုတ္တံတရားတော်တွေ ကို အကြိမ်ကြိမ်နားကြားသင့်တယ်၊ ပွားများဆင်ခြင်သင့်တယ်လို့ ကျောက်စာမှာ တိုက်တွန်းရေးထိုးထားပါတယ်။ ကျောက်စာတွေထဲမှာတော့အသောကမင်းကြီးရဲ့စေတီတော်တွေတည်ထားမူမှတ်တမ်းနဲ့ပတ်သက်ပြီးဆိုခဲ့တဲ့ ကောဏာဂမဏဘုရားရှင်ရဲ့ စေတီတော်ပြုပြင်မွှမ်းမံမူမှတ်တမ်းကို သာတွေ့ကြရပါတယ်။ ‘’အသောကရာဇသုတ္တ’’ အစရှိတဲ့စာပေ၊သမိုင်းမှတ်တမ်းတွေထဲမှာတော့ ဘုရင်မင်းကြီးရဲ့ ဗုဒ္ဓမြတ်စွာ၊ ဓါတ်တော်တွေ ပူဇော်ပုံကို မှတ်တမ်းတင်ထားပါတယ်။ ပြီးတော့ တိုင်းပြည်ရဲ့ နေရာအနှံ့အပြားမှာ အများသူငါ ကောင်းမူကုသိုလ်တရားတွေ တိုးပွားစေဖို့ စေတီပေါင်း ၈၄၀၀၀ ကို တည်ထားကိုးကွယ်စေခဲ့တယ်လို့လည်း ဆိုပါတယ်။ ဥပဂုတ္တမထေရ်မြတ်ရဲ့ ဆုံးမတိုက်တွန်းမူနဲ့ ‘’လုမ္ဗိနီ၊ ဆရာနထ်က မိဂဒါဝုန်၊ ဗုဒ္ဓဂါယာ၊ ကုသိနာရ်’’ စတဲ့ဗုဒ္ဓ၀င်၊ အထွတ်အမြတ်နေရာတွေကိုလည်း ဘုရားဖူးသွားခဲ့ပြီး၊ သွားရောက်ရာနေရာတွေမှာစေတီတော်တွေတည်ထားခဲ့တယ်လို့လည်း ရေးသားမှတ်တမ်းတင်ထားတယ်။ ဂေါတမဗုဒ္ဓမြတ်စွာရဲ့အကြီးဆုံးတပည့်သာဝကတွေဖြစ်တဲ့ရှင်သာရိပုတ္တရာမထေရ်မြတ်နဲ့ရှင်မောဂ္ဂလာန်မထေရ်မြတ်တို့ရဲ့အထိမ်းမှတ်စေတီ တော်တွေ ကို လည်း တည်ထားခဲ့တယ်။ အသောကမင်းကြီးခေတ်နောက် အိန္ဒိယနိုင်ငံကို ဘုရားဖူးကြွရောက်ခဲ့ကြတဲ့ တရုတ်ဘုရားဖူး ခရီးသည်တွေဖြစ်တဲ့ ဖာရီယန် နဲ့ ရွှင်ကျန်တို့ရဲ့ မှတ်တမ်းတွေထဲမှာ ဒီ စေတီတော်တွေကိုဖူးတွေ့ရကြောင်း ရေးသားထားပါတယ်။ မကြာသေးခင် နှစ်များက အိန္ဒိယနိုင်ငံအတွင်း ဗုဒ္ဓ၀င် စေတီတော် တွေကို ရှေးဟောင်းသုတေသန ပညာရှင်တွေ တူးဖော်ကြတဲ့အခါဒီစေတီတော်တွေရဲ့ ရှေးအကျဆုံး အစိတ်အပိုင်းတွေဟာ အသောကမင်းကြီးရဲ့ခေတ်ကို ရည်ညွှန်းနေတယ် လို့ ခန့်မှန်းကြရတဲ့အတွက်ကြောင့် ဒီရေးသားမူမှတ်တမ်းတွေဟာ မှန်ကန်မယ် လို့ ယူဆကြရပါတယ်။ အသောကမင်းကြီးဟာ ဗုဒ္ဓ၀ါဒီ အဖြစ်အလွန်ထက်သန်တဲ့ သဒ္ဓါတရားနဲ့ ကူးပြောင်းခဲ့ပြီးဗုဒ္ဓ၀ါဒတည်တံ့ပြန့်ပွားဖို့အ တွက်စွမ်းစွမ်းတမံအားထုတ်ခဲ့တဲ့အတွက်ကြောင့် ဘုရင်မင်းကြီးကို ‘’ဓမ္မာသောက ဘုရင်ကြီး’’ လို့ အမြတ်တနိုး ချီးမွမ်း ခေါ်ဆိုကြပါတယ်။ အသောကမင်းကြီးရဲ့ တရားဓမ္မအမြင်တွေဟာ အလွန်မွန်မြတ်ပြီး ကြီးကျယ်ခမ်းနားလှပါတယ်။ သို့သော်လည်း မင်းကြီးရဲ့ ဓမ္မအမြင်တွေကို တိုင်းသူ၊ ပြည်သားတွေဟာဘယ်လောက် လိုက်နာကျင့်သုံးခဲ့ကြတယ်၊ ဘယ်လောက် နက်နက်ရှိုင်းရှိုင်းနားလည်သပေါက်ခဲ့ကြတယ် ဆိုတာ ကိုတော့ ရှင်းရှင်းလင်းလင်း မသိကြရပါဘူး။ အသောက မင်းကြီးဟာ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတွေကို အများဆုံးလိုက်နာကျင့်သုံးကြတဲ့ ဗုဒ္ဓတပည့်သာဝက သံဃာအဖွဲ့အစည်းကို အကြီးအကျယ် ထောက်ပံ့လှူဒါန်းခဲ့တယ်။သို့သော်လည်းဒီလိုလှူဒါန်းထောက်ပံ့မူတွေကြောင့်ဘဲ၊ သံဃာအဖွဲ့အစည်းမှာ မစင်ကြယ်တဲ့ ပရိသတ်၊ သံဃာတွေ တိုးပွားလာစေခဲ့တယ်။ ပြီးတော့ဗုဒ္ဓ၀ါဒကိုမကြည်ညိုသူတွေအ တွက်သံဃာတော်တွေကိုအလွန်ထောက်ပံ့လှူဒါန်းမူကနိုင်ငံတော်ရဲ့ ဘဏ္ဍာကိုဝန်ထုပ်လေးလံစေခဲ့တယ်လို့ ယူဆကြပါတယ်။ အသောကမင်းကြီး သက်တော်ကြီးရင့်တဲ့အခါ သူ့ရဲ့ဝန်ကြီးတွေနဲ့မင်းညီမင်းသားတွေဟာ မင်းကြီးရဲ့ လှူဒါန်းမူတွေကို ပိတ်ပင်တားမြစ်ခဲ့ပြီးအသောကမင်းကြီးရဲ့ ဆန္ဒကိုဆန့်ကျင်ခဲ့တယ်လို့‘’အသောကရာဇသုတ်’’နဲ့အခြားစာပေ၊သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ နောက်ဆုံး သေရာညောင်စောင်းမှာ လဲလျောင်းရတဲ့ အခါ ဘုရင်မင်းမြတ်ဟာ လက်ထဲမှာကိုင်ထားတဲ့ ဆီးဖြူသီး တစ်ခြမ်းကိုသာ သံဃာတော်အတွက် လှူဒါန်းခွင့်ရရှာတယ်လို့ ဆိုပါတယ်။ ဒီ သမိုင်းမှတ်တမ်းကို မှီးပြီး ခန့်မှန်းရ ရင်တော့အသောကမင်းကြီးဟာ သက်တော်ကြီးရင့်တဲ့အခါ သြဇာအရှိန်အ၀ါ အတော်ကျဆင်းသွားခဲ့တယ် လို့ဆိုရမှာဖြစ်တယ်။ အသောကဘုရင်ကြီး နတ်ရွာစံပြီးတာ နဲ့ သိပ်မကြာခင်မှာ ဘဲ၊ သူ စွမ်းစွမ်းတမံ တည်ဆောက်ခဲ့တဲ့ အင်ပါယာကြီးဟာ လည်း သြဇာအာဏာယုတ်လျော့ ကျဆင်းသွားခဲ့ပြီး ပြိုပျက်ခဲ့ရတယ်။ ဒီလို ဘုရင်းမင်းမြတ်ရဲ့ အင်ပါယာကြီး ကြာရှည်မခံဘဲ ပြိုကွဲသွားခဲ့ရလို့ဘုရင်မင်းမြတ် တည်တံ့ပြန့်ပွားဖို့ ကြိုးစားခဲ့ တရားဓမ္မတော်တွေဟာ အကျိုးမထင်ပေါ်ဘူး လို့တော့ ယူဆလို့ မရပါဘူး။ မင်းကြီးရဲ့ ဓမ္မအမြင်၊ဓမ္မတည်တံ့ပြန့်ပွားမူ ဆောင်ရွက်ချက်တွေကို သီးခြားတန်ဖိုးဖြတ်ရမှာဖြစ်တယ်။ (အသောကမင်းကြီးရဲ့ယခုဘာသာပြန်လိုက်တဲ့မှတ်တမ်းကိုဂျပန်လူမျိုးဗုဒ္ဓစာပေပညာရှင်တစ်ဦးကလေ့လာပြုစုထားတာဖြစ်ပြီးသူ့ရဲ့လေ့လာချက်ကိုအမေရိကန်နိုင်ငံ၊ဟာဝိုင်အီတက္ကသိုလ်က ပညာရှင်တစ်ဦး အင်္ဂလိပ်ဘာသာပြန်ပြီးရိုက်နှိပ်ထုတ်ဝေ ထားတာဖြစ်တယ်။ ဘုရင်မင်းကြီးအကြောင်းဟာ သမိုင်းဆိုင်ရာဗ ဟုသုတတင်မကဘူး၊ခံစားမှုရသပေါင်းများစွာ ကိုပါ ပေးစွမ်းနိုင်တာကို တွေ့ရပါတယ်။ ကြည်နူးအားကျဖွယ်၊တက် ကြွဂုဏ်ယူဖွယ်၊ သင်္ခမ်းစားယူဖွယ်ရသခံစားမူတွေ ကိုနှလုံးသားတံခါးဖွင့်လှစ်ပြီး ခံယူနိုင်ကြပါစေ၊ ခံယူနိုင်ပြီးအ သောကမင်းကြီးကိုအတုယူ၍ဗုဒ္ဓသာသနာတော်ကြီးရှည်ကြာစွာတည်တံ့ပြန့်ပွားရေးအတွက် မိမိတို့စွမ်း ရာဖြင့်ရွက်ဆောင်နိုင်ကြ ပါ စေလို့ ဆန္ဒပြုလိုက်ပါတယ်) ဘိက္ခုကေသရ ref: 1. History of Indian Buddhism: From Sakyamuini to Mahayana by Hirakawa Akira, Translated from Japanese by Paul Groner 2. Ashoka’s Dhamma by Nirmal C. Sinha 3. The Edicts of King Asoka by Ven. S. Dhammika

Tuesday, February 2, 2016

အိမ်​​ထောင်​သည်​ ကိုကိုမမများအတွက်​​နော်

 Aung > ရသစုံ စာပေပျိုးခင်း
အိမ်ထောင်ရေးသုခကို အပြည့်အဝခံစားစေနိုင်သော အချက်( ၉ )ချက်
•••••••••••••••••••••••••••••••••••••••••••••••
(၁) အိမ်ခွဲနေပါ ။
လက်ထပ်ပြီးသည့်နေ့မှစကာ တစ်အိုးတစ်အိမ်ထူထောင်ပါ။ ဖြစ်နိုင်လျှင် မင်္ဂလာမဆောင်ခင်လများစွာအလိုကတည်းကမိမိတို့ဇနီးမောင်နှံနှစ်ဦး လက်ထပ်ပြီးချိန်တွင် အဆင်သင့်နေထိုင်နိုင်ရန်သင့်တင့်မျှတသော အိမ်လေးတစ်လုံးဆောက်ပါ။ အကယ်၍ငွေကြေးမတတ်နိုင်ဘူးပဲထားအုံး အိမ်ငှားပြီးနေလိုက်ပါ။ နှစ်ဖက်မိဘအိမ်မှာနေရင်အဆင်မပြေဖို့ရာများပါတယ်။ သူ့မိဘကို ကိုယ့်မိဘအရင်းသဖွယ် မဆက်ဆံနိုင်ရင်…ယောက္ခမဆိုတဲ့အတွေးမျိုးဝင်နေမယ်ဆိုရင် ရှေည်မှာမလွယ်ပါဘူး။တဖက်ကလဲ သူ့သားရင်းသမီးရင်းလိုသဘောမထားနိုင်ရင်ဆိုတာမျိုး။ကိုယ်နဲ့ရွယ်တူယောင်းမ /ယောက်ဖ (ကိုယ်ဘာလုပ်လုပ်အမြင်မကြည်တဲ့သူ) ရှိနေခဲ့မယ်ဆိုရင်လဲ ဒါဟာ နောင်တချိန်မှာလင်မယားအချင်းချင်း သူ့ဆွေမျိုး ကိုယ့်ဆွေမျိုးနဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေလုပ်ပြီး မလိုလားအပ်တဲ့ပြသနာတွေနဲ့ရင်ဆိုင်ရပါလိမ့်မယ်။ယောက္ခမနဲ့ချွေးမ ယောက္ခထီးနဲ့သမက် တည့်တယ်ဆိုတာရှာမှရှားပါ။နီးတကျက်ကျက်ဆိုသလိုမျိုးပေါ့။သူတို့နဲ့ဝေးနေတာကပိုပြီး ချစ်ခင်ရင်းနှီးမှုကိုရစေမှာပါ ။

(၂)သူနဲ့ကိုယ်ကြားမှာလျို့ဝှက်ချက်ဆိုတာမထားနဲ့
လင်နဲ့မယားဆိုတာ ခရီးတစ်ခုကိုအတူသွားနေတဲ့ရဲဘော်ရဲဘက်တွေလိုပါပဲ။ လမ်းခရီးမှာကောင်းတာကြုံနိုင်သလိုဆိုးတာတွေလဲတွေ့ကောင်းတွေ့မှာပါ။အဲ့လိုအချိန်မှာ နစ်ယောက်တိုင်ပင်ရပါမယ်။ ပြောချင်တာကတော့ အသေးအဖွဲကိစ္စလေးတွေဖြစ်ပါစေ သူမသိအောင် ထိန်ချန်ပြီးမလုပ်မိပါစေနဲ့။ ကိုယ်ကစပြီးလိမ်ညာမယ်ဆို သူကလည်းမကြာခင်လိမ်တတ်လာတော့မှာပါ။အဲ့ဒါကြောင့် သူမသိဘဲဘာကိစ္စကိုမှ ခိုးကြောင်ခိုးဝှက်မလုပ်မိပါစေနဲ့ ။

(၃) သွေးမအေးပါနဲ့ ။
ရည်းစားဘဝကအတိုင်းပဲ နွေးနွေးထွေးထွေးနဲ့ ကြင်ကြင်နာနာဆက်ဆံပါ။ ချစ်စကားတီတီတာတာတွေကို ချစ်သူတုန်းကပဲပြောရတယ်မမှတ်ပါနဲ့။ အခုကပိုပြီးတောင်ပြောရပါအုံးမယ်

(၄) အခေါ်အဝေါ်တွေကိုမပြောင်းပစ်ချင်ပါနဲ့ ။
အရင်မောင်ရေ ချစ်ရေ ခေါ်ရင် အခုလဲအဲ့အတိုင်းသာဆက်ခေါ်ပါ။ ဒါကလည်းအရေးကြီးပါတယ်။

(၅) မောင်တစ်ထမ်းမယ်တစ်ရွက်လမ်းစဉ်ကျင့်သုံးပါ ။
မောင်ကရုံးကအလုပ်တွေမပီးလို့အိမ်ကိုပါလာတဲ့အခါ မယ်ကကိုယ်နဲ့မဆိုင်သလိုမနေပါနဲ့။အနည်းဆုံးတော့ ဂဏန်းပေါင်းစက်သုံးတတ်မှာပါ။သူ့အလုပ်တွေကိုကူလုပ်ပေးလိုက်ပါ။ အဲ့လိုပဲ မယ်ကချက်ပြုတ်နေရင် မောင်က ဟင်းရွက်သင်ပါ ဆန်ဆေးပေးလိုက်ပါ။ယောင်္ကျားလေးမီးဖိုထဲဝင်လို့ဖုန်းမနိမ့်ပါဘူး။

(၆)တစ်နေ့တစ်ခါ"ချစ်တယ်"ပြောပေးပါ
အရင်တုန်းကတော့အခါတစ့်ရာလောက်ပြောကြမှာပါ။ အခုအဲ့လောက်မပြောရင်တောင် အနည်းဆုံးတစ်ခါတော့ ချစ်စကားပြောပြီးသူ့ပါးပြင်ကိုမွှေးကြူလိုက်ပါ။ ဒါဟာမလိုအပ်တဲ့ကိစ္စလို့မထင်ပါနဲ့။ ရှက်စရာလဲမလိုပါဘူး ။ရဲရဲသာပြောကြည့်လိုက်ပါ ။

(၇) ခရီးသွားပါ ။
ခရီးသွားခြင်းက လူ့စိတ်ကိုrelaxဖြစ်စေနိုင်သလို အပျော်ဓာတ်ကိုလဲပေးစွမ်းနိုင်ပါသေးတယ်။ နှစ်သားခရီးတူတူ မကြာခဏသွားပေးခြင်းဖြင့် အချစ်တွေတိုးသထက်တိုးလာဖို့ တစ်ယောက်နဲ့တစ်ယောက်ဆွဲဆောင်ပါ။

(၈) ထမင်းလက်ဆုံစားပါ ။
ဘယ်လိုအခြေအနေမျိုးဖြစ်ပါစေ ထမင်းကိုအတူလက်ဆုံစားပါ။ သူနောက်ကျလဲစောင့်ပါ။အလုပ်နဲ့မို့ Lunchအတူမစားဖြစ်ရင်တောင် Breakfast နဲ့dinnerကတော့ မျက်လုံးချင်းဆုံပြီး အတူတူလက်ဆုံစားနိုင်ဖို့ ကြိုးစားပါ။

(၉) မင်္ဂလာဆောင်မှတ်တမ်းဗီဒီယိုခွေကိုကြည့်ပေးပါ ။
အဲ့ဒါကတော့ သူနဲ့ကိုယ်နဲ့ စကားများဖို့ဖြစ်လာရင်တော့ မင်္ဂလာဆောင်တုန်းကခွေကိုဖွင့်ကြည့်လိုက်ပါ။ အဲ့တုန်းကအရမ်းပျော်ရွှင်ခဲ့ရတာကို ကြည့်ရင်းနဲ့ စိတ်တွေနူးညံ့သွားပါလိမ့်မယ်။ ဒီနည်းကတကယ်အကျိုးရှိမှာနော် ။

Wednesday, January 27, 2016

စွန့်​ဦးတီထွင်​မူ့

ဘယ်တော့မှ ဝင်ငွေတစ်ခုတည်းပေါ်မှာမရပ်တည်ပါနဲ့။
အခြားဒုတိယဝင်ငွေဝင်နိုင်အောင် ရင်းနှီးထားပါ။

လူတစ်ယောက်ဟာ ဝင်ငွေတစ်ခုထဲကို ခြေစုံပစ်ရပ်
တည်နေရင် အဲ့ဒိဝင်ငွေရပ်တန့်သွားတဲ့နေ့ ခြေမကိုင်
မိ လက်မကိုင်မိ ဖြစ်ရတတ်ပါတယ်။ ဘဝမှာလည်း
အားလုံး ဗြောင်းဆန်သွားတတ်ပါတယ်။ ဒါ့ကြောင့်
ဒုတိယဝင်ငွေရနိုင်မယ့် နည်းလမ်းကို အမြဲရှာထားပါ။

‪#‎ပိုက်ဆံသုံးရာတွင်‬

သင့်မှာမလိုအပ်တဲ့ပစ္စည်းတွေဝယ်ပါများရင် သင့်မှာလို
အပ်တဲ့ ပစ္စည်းတွေ စွန့်လွှတ်ရတတ်တယ်။

တစ်ချို့တွေက လူသာ မချမ်းသာတာပါ။ ကိုင်တဲ့အသုံး
အဆောင်တွေကတော့ အပျံစားတွေပါချည်းပဲ။ ရေရှည်
ကိုမကြည့်ပဲ ရေတိုပဲ ကြည့်တတ်တဲ့သူမျိုးတွေပါ။ သူများ
လုပ်တာ လိုက်လုပ်ချင်တယ်။ ဒါပေမယ့် သူများလို သူ
မချမ်းသာသေးဘူးဆိုတာကို မေ့နေတတ်ကြပါတယ်။ 
ကိုယ်ကမချမ်းသာသေးချိန်မှာ ချမ်းသာတဲ့သူတွေနဲ့ 
iPhone ပြိုင်ကိုင်တန်း သွားမကစားပါနဲ့။ သင်ပဲရှုံးသွား
ပါလိမ့်မယ်။ မလိုတာတွေ ဝယ်နေတဲ့အတွက် လိုတဲ့
အခါ သုံးစရာမရှိဖြစ်တတ်ပါတယ်။ 

‪#‎ပိုက်ဆံစုရာတွင်

သုံးပြီးလို့ ပိုတာကိုမစုပါနဲ့။ စုပြီးလို့ ပိုတာကို သုံးပါ။

သုံးပြီးလို့ပိုမှ စုမယ်ဆိုရင်တော့ ဒီတစ်သက် သင်စုဖြစ်
ဖို့ မလွယ်လောက်ပါဘူး။ ပိုက်ဆံဝင်လာရင် အရင်ဆုံး
သင်စဉ်းစားရမှာက ဘယ်လောက်စုမလဲ ဆိုတာပါပဲ။
ပြီးမှ ပိုတာကိုသုံးပါ။ စုဆိုတာကလည်း တစ်သက်လုံး
စုဘူးထဲမှာ အဲ့ဒိပိုက်ဆံကို ထားဖို့ပြောတာမဟုတ်ပါ
ဘူး။ သင့်ဘဝအတွက် လိုအပ်တဲ့ နေရာမှာ အသုံးချ
ဖို့ပါ။ သင့်ရဲ့ တန်ဖိုးမြင့်ဖို့ သင့်အရည်အချင်းတွေကို 
မြှင့်တင်ရပါမယ်။ အဲ့ဒိလိုလုပ်ဖို့သင်တန်းတွေတက်ရ
ပါမယ်။ စာအုပ်တွေဖတ်ရပါမယ်။ အဲ့ဒိအတွက် သင့်မှာ
ပိုက်ဆံလိုပါတယ်။ အဲ့ဒိစုငွေတွေကို သုံးနိုင်ပါတယ်။

‪#‎စွန့်စားရာတွင်‬

ရေအတိမ်အနက်ကို ခြေ၂ချောင်းလုံးချပြီး မစမ်းပါနဲ့။

မစွန့်စားနဲ့လိုပြောတ မဟုတ်ပါဘူး။ မစွန့်စားပဲနဲ့လည်း
မအောင်မြင်နိုင်ပါဘူး။ ဒါပေမယ့် စွန့်စားရာမှာတော့
ပါးနပ်ဖို့လိုပါတယ်။ အန္တာရယ်ရှိတဲ့ ကိစ္စမျိုးကို ရှိသမျှ
ပိုက်ဆံတွေ ပုံအောလိုက်တာမျိုးမလုပ်ပါနဲ့။

‪#‎ရင်းနီးရာတွင်‬

ကြက်ဥတွေအားလုံးကို ဘယ်တော့မှခြင်းတစ်ခုထဲ
စုပြုံမထည့်ထားပါနဲ့။

အရင်းအနှီးလုပ်ပြီဆိုရင်လည်း ရှိသမျှ ပိုက်ဆံတွေ
အားလုံးကို တစ်နေရာထဲ စုပြုံ မရင်းနှီးပါနဲ့။ လုပ်ငန်း
ဆိုတာ မြတ်နိုင်သလို ရှုံးလည်း ရှုံးနိုင်ပါတယ်။ အား
လုံးကို တစ်နေရာတည်း စုပြုံရင်းနှီးထားရင် ရှုံးတဲ့
အခါ တစ်ပြားမှ မကျန်ဖြစ်သွားပါလိမ့်မယ်။ 

# မျှော်လင့်ရာတွင

ရိုးသားခြင်းဆိုတာ ၇ှားပါးဈေးကြီးတဲ့ လက်ဆောင်မွန်တစ်ခု
ပါ။ ဒါ့ကြောင့် ခပ်ပေါပေါလူတွေဆီက မမျှော်လင့်ပါနဲ့။

သင်ရိုးသားသလို လူတိုင်းရိုသားမယ်လို့ဘယ်တော့မှ 
အသေအချာ တွက်မထားပါနဲ့။ ရိုးသားမှုဆိုတာ ဒီခေတ်
ထဲမှာ တော်တော်ကိုရှားပါးတဲ့ အရာပါ။ ဒါ့ကြောင့် ရူးရူး
မိုက်မိုက်နဲ့ ဒီတန်ဖိုးကြီးပစ္စည်းကို လူတိုင်းဆီက မမျှော်
လင့်မိပါစေနဲ့။