" သေမင်းတမန်ရထားလမ်း နေရာ ကားလမ်းသာ ဖောက်လုပ်သွားမည့် အခြေအနေရှိ"
သေမင်းတမန်ရထားလမ်း ပြန်လည်ပြုပြင်ခြင်းထက် ကားလမ်းသာ ဖောက်လုပ်သွားရန် အခြေအနေရှိသည်ဟု ရထားပို့ဆောင်ရေးဝန်ကြီး ဌာန ပြောခွင့်ရတစ်ဦးက ပြောသည်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့နှင့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ ဆက်သွယ် ထားသည့် သေမင်းတမန် ရထားလမ်းဟောင်းကို ပြန်လည်ေ ဖာက်လုပ်နိုင်ရန် သုတေသနအဖွဲ့ သွားရောက်စစ်ဆေးပြီး ရရှိလာသော အစီရင်ခံစာအရ ၄င်းက ထိုသို့ပြောခဲ့ခြင်းဖြစ်သည်။
”သေမင်းတမန် ရထားလမ်းကတော့ မဖြစ်ဖို့များတယ်”ဟု ၄င်းက ဆိုသည်။
၁၉၄၂ ခုနှစ်တွင် ဂျပန်ဖောက်လုပ်ထားခဲ့သည့် သေမင်းတမန် ရထားလမ်းမှာ သမိုင်းဝင် နေရာတစ်ခုဖြစ်သော်လည်း မြန်မာဘက်မှရထားလမ်းမှာ ပျက်စီးယိုယွင်းနေပြီး အစမှ ပြန်လည် ဖောက်လုပ်ရမည့် အနေအထား ရှိနေကြောင်း၊ ထို့အတွက် ငွေကုန်ကြေးကျလည်း အလွန်များမည် ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆိုပါ က ရထားလမ်းထက် ကားလမ်းကသာ ပို၍သင့်တော်မည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
”မြန်မာဘက်မှာက ဖြစ်စဉ်ဖြစ်ခဲ့တဲ့ သမိုင်းကြောင်းရှိတယ်။ ဒါပေမဲ့ အထင်အရှားက သံဖြူဇရပ်က စစ်သင်္ချိုင်းပဲ ကျန်တော့တယ်။ ခရီးသွားဧည့် သည်တွေအတွက်ဆိုလည်း ချိတ်ဆက်ဖို့ ထိုင်းဘက်နဲ့ လက်ဝါးနှစ်ဖက်ရိုက်ဖို့ လိုသေးတယ်။ ဘာကြောင့်လဲဆိုရင် ထိုင်းဘက်က ကွင်းရှောင် လမ်း လုပ်တာကြာလှပြီ။ ဒါတွေပေါ် အားလုံး မူတည်နေတယ်”ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ထပ်လောင်းဆိုသည်။
၂ဝ၁၂ ခုနှစ် မေလအတွင်းက ကရင်အမျိုးသားအစည်းအရုံးKNU ဆက်ဆံရေးရုံးဖွင့်ပွဲတွင် ဝန်ကြီးဦးအောင်မင်းက သေမင်းတမန်ရထားလမ်း ပြန်ဖောက်ဖို့ရှိကြောင်း ထည့်သွင်းပြောဆိုခဲ့ပြီး အစိုးရဘက်က လေ့လာမှု ပြုလုပ်ခဲ့သည်။
သို့သော် ငွေကြေးသန်းပေါင်းများစွာ ကုန်ကျမည့်အပြင် ထိုစဉ်က ငြိမ်းချမ်းရေးအပြည့်အဝ မရသေးသော အခြေအနေများအရ ရထားလမ်းက မဖြစ်နိုင်သေးကြောင်း KNU ဒုတိယ ဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါ ချက်ချင်းဝင်၍ မှတ်ချက်ပြုခဲ့ဖူးသည်။
ဒုတိယကမ္ဘာစစ်ပြီးသည့်အခါ ထိုင်းဘက်မှ သေမင်းတမန်ရထားလမ်း သံလမ်းကို ပေါင်တစ်သန်းကျော်ဖြင့် ရောင်းချခဲ့ပြီး မြန်မာဘက်က လမ်းကိုမူ ပေါင် ၁၆ သန်းကျော်ဖြင့်ရောင်းကာ ရရှိငွေများကို အသက်မသေကျန်ရှိနေသော ဗြိတိသျှစစ်သုံ့ပန်း ချွေးတပ်သားများအား ခွဲဝေပေးခဲ့သည်။
၁၉၄၅ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့ စွဲနှင့် ထုတ်ပြန်သော လန်ဒန် ဗြိတိသျှနိုင်ငံခြားရေးရုံး၏ ကြေညာချက်တွင် မြန်မာနိုင်ငံမှ ချွေး တပ်သားေ ပါင်း ရှစ်သောင်းကျော် ရထားလမ်း ဖောက်လုပ်ရာ၌ သေဆုံးခဲ့သည်ဟု ခန့်မှန်းထားပြီးစစ်သင်္ချိုင်းကော်မရှင်ကလည်း သုံးသောင်းမှ ရှစ် သောင်း အထိ သေလိမ့်မည်ဟု ခန့်မှန်းထားသည်။
No comments:
Post a Comment