သေမင်းတမန်ရထားလမ်း
သေမင်းတမန်ရထားလမ်း လို့ ခေါ်တဲ့ Death Railway ကို ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အင်ပါယာက ဆောက်လုပ်ခဲ့ပါတယ်။ ဂျပန်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဗြိတိသျှ လက်အောက်က မြန်မာပြည်ကို ထိန်းချုပ်ဖို့ ရာ ... ပင်လယ်ပြင်ဖက်က အုပ်စီးမှု ရဖို့  မလွယ်ကူတဲ့အတွက် ထိုင်းနိုင်ငံ ကန်ချနာဘူရီက,နေ မြန်မာနိုင်ငံ သံဖြူဇရပ်ကို ရထားလမ်းဖောက်လုပ်ပြီး ဆက်သွယ်ထိန်းချုပ်ဖို့ ပါပဲ။
ဒီရထားလမ်းဟာ ၂၅၈ မိုင် (၄၁၅ ကီလိုမီတာ) ရှည်လျားခဲ့ပြီး ၁၉၄၂ ခုနှစ်မှာ စတင်ဖောက်လုပ်ဖို့  စီစဉ်ခဲ့ကြတာပါ။ အဲ့သည် ရထားလမ်း ဖောက်လုပ်တဲ့ဒေသဟာ တောတောင်နဲ့  မြစ်ချောင်းတွေ ထူထပ်လွန်းတာကြောင့် အဲ့သည်ခေတ်ကာလဖက်မှာတော့ အရမ်းကို ခက်ခဲတဲ့ လမ်းဖောက်လုပ်မှု တစ်ခုဖြစ်ပါတယ်။
ရာသီဥတုဆိုးဝါးခြင်း၊ ငှက်ဖျားရောဂါနဲ့ ၊ အစာရေစာ ငတ်မွတ်မှုတွေ၊ ကာလ၀မ်းရောဂါတွေကြောင့် လူပေါင်း များစွာ သေကြေပျက်သုန်းခဲ့ရတဲ့ နေရာတစ်ခုဆိုရင်လည်း မမှားခဲ့ပါဘူး။ အဲ့သည် ရထားလမ်းမှာ စစ်သုံ့ ပမ်းနဲ့  မတရားခိုင်းစေမှု တွေ အပါအ၀င် အာရှသားပေါင်း ၁ သိန်း ရှစ်သောင်းကျော်၊ စစ်သုံ့ ပမ်းပေါင်း ၆ သောင်းကျော်တို့ ကို အသုံးချ ဖောက်လုပ်စေခဲ့ပါတယ်။
အဲ့သည် အထဲမှာမှ စစ်သုံ့ ပမ်း ၆ သောင်းကျော်ထဲက ၁သောင်း ၆ ထောင်ကျော် သေဆုံးခဲ့ရသလို၊ အာရှသား ပေါ်တာတွေထဲက ၉ သောင်းကျော် သေဆုံးခဲ့ရပါတယ်။ ဗြိတိသျှလူမျိုး ၆၃၁၈ ယောက်၊ သြစတေးလျနိုင်ငံသား ၂၈၁၅ ယောက်၊ ဒတ်ခ်ျရှ် လူမျိုး ၂၄၉၀ ယောက်၊ အမေရိကန် ၃၅၆ ယောက်နဲ့ ... ကနေဒါ၊ နယူးဇီလန် စတဲ့ နိုင်ငံတွေက လူတွေ အမြောက်အများ ဘ၀နိဂုံး ချုပ်ခဲ့ရပါတယ်။
တိတိကျကျ အားဖြင့်တော့ ၁၉၄၂, ဇွန်လ၂၂ရက် မှာ ထိုင်းနိုင်ငံဖက်က လမ်းပိုင်းကို စတင်ခဲ့ပြီး မြန်မာပြည် သံဖြူဇရပ်ဖက်က လမ်းပိုင်းကိုလဲ အဲ့သည်ရက် ၀န်းကျင်မှာပဲ စတင်ခဲ့တယ်လို့  ယူဆရပါတယ်။ အဲ့သည် အပိုင်း နှစ်ခုဟာ ၁၉၄၃ အောက်တိုဘာ၁၇ရက်မှာ ဘုရားသုံးဆူရဲ့ တောင်ဖက် ၁၁မိုင် (18 km) မှာ ဆက်စပ်မိတယ်လို့  ဆိုထားပါတယ်။
ရထားလမ်းပြီးတဲ့နောက် စစ်သုံ ပမ်း အများစုကို ဂျပန်ကို ပို့ ဆောင်ခဲ့ပြီး ရထားလမ်းကို ထိန်းသိမ်းဖို့ အတွက်တော့ အချို့ချန်ထားခဲ့ကြတယ်လို့ ဆိုပါတယ်။ စစ်အတွင်းမှာ ဗြိတိသျှတပ်နဲ့  မဟာမိတ်တပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရထားလမ်းဟာ ပျက်စီးခဲ့ရပြီး ဂျပန်တို့ ဖက်က အဖန်ဖန် ပြန်လည်ပြုပြင် သုံးစွဲခဲ့ပုံရပါတယ်။
နာမည်ကျော်နေရာတစ်ခုကတော့ Hellfire Pass လို့ ခေါ်တဲ့နေရာဖြစ်ပါတယ်။ ကျောက်တောင်တွေကို ဖြတ်ဖောက်လုပ်ရပြီး အခက်အခဲဆုံး နေရာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့သည်နေရာမှာတင် လူ ၆၉ ယောက် ၃ ပတ် အတွင်း ဂျပန်စစ်သားတွေရဲ့ ရိုက်နှက်မှုကို အသက်ဝိဥာဉ် ချုပ်ငြိမ်းသည်အထိ ခံစားခဲ့ရတယ်လို့  ဖေါ်ပြထားပါတယ်။ ကျန်လူအများစုကလည်းကာလ၀မ်း၊ငှက်ဖျားရောဂါနဲ့ ညဉ်းပမ်းနှိပ်စက်ခံရမှုတွေကြောင့် သေဆုံးခဲ့ရပါတယ်။
အခုမျက်မှောက်ကာလမှာတော့ ဒီရထားလမ်းပိုင်းထဲက အချို့ကိုသာ ဘန်ကောက်မြို့နဲ့ ဆက်သွယ်ဖို့  အသုံးပြုပြီး ကျန်အပိုင်းတွေကို ခရီးသွားလုပ်ငန်းအတွက် အမှတ်တရအဖြစ်ထားရှိပါတယ်။ အချို့သော လမ်းပိုင်းတွေဟာ ကန်ချနာဘူရီက ဆည်တစ်ခုဖြစ်တဲ့ Vajiralongkorn Damအောက်မှာ နစ်မြုပ်သွားခဲ့ပြီးဖြစ်တယ်လို့  ဆိုပါတယ်။
စစ်ပြီးခေတ်မှာတော့ ထိုင်းဖက်က အသုံးချခဲ့ပေမယ့် မြန်မာဖက်ပိုင်းမှာတော့ အရာအားလုံး ပျောက်ကွယ်သွားခဲ့ပါတယ်။ စစ်ကြောင့် သေကြေ ပျက်သုန်းရတဲ့ အမှတ်တရနေရာ တစ်ခုအဖြစ်ရော ... ထိုင်းမြန်မာ ဆက်သွယ်ရေးအတွက်ရော ... Death Railway ကို ပြန်ဖောက်ပြီး ရထားလမ်းပြေးဖို့  အစီအစဉ်ရှိတယ်လို့ တော့ ကြားမိပါတယ်။ ဒီထက် ပိုအာရုံရနေကြတာကတော့ ကန်ချနာဘူရီ - ထားဝယ် ရေနက်ဆိပ်ကမ်းရဲ့ လမ်းသစ်ပဲ ဖြစ်ပါတယ်။
ကန်ချနာဘူရီက,နေ လက်ရှိမြေသားလမ်းအတိုင်းပဲ ဆိုင်ကယ်နဲ့ မောင်းရင်တောင် ထားဝယ်မြို့ကို ၄ နာရီကျော်ပဲ မောင်းရပါတယ်လို့  သိရပါတယ်။ ထိုင်းဖက်က သရေတစ်မြားမြားကျမယ်ဆိုရင်လည်း ကျလောက်ပါပေတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းသာ ပြီးစီးခဲ့ရင် အင်ဒိုချိုင်းနားကျွန်းဆွယ်ကို ပတ်သွားရမယ့် ပင်လယ်ခရီး ၂ ရက်စာဟာ ထားဝယ်ကိုကပ် ကုန်တင်ကုန်ချလုပ်ပြီးတာနဲ့  ကန်ချနာဘူရီကို ဖြတ်လို .့ .. ဘန်ကောက်ကို နေ့ ခြင်းရောက်လာမှာ ဖြစ်တဲ့အတွက် ... ထိုင်းနိုင်ငံဟာ ရေနက်ဆိပ်ကမ်းကြောင့် တဟုန်ထိုး စီးပွားရေး တိုးတက်လာဦးမှာ မလွဲပါဘူး။
မြန်မာဖက်ကတော့... ကိုယ့် အစိုးရနဲ့  ခရိုနီအုပ်စုတွေရဲ့ အကျိုးစီးပွား၊ တရုတ်ရဲ့ စွက်ဖက်နှောက်ယှက်မှု၊ ဘင်္ဂလီတွေရဲ့ မွတ်စလင် နယ်မြေ အတွက် ခြေလှမ်း အခိုင်အမာချလိုမှုတွေနောက်မှာ ခက်ခဲစွာ ထိုးဖောက်ရဦးမှာ မလွဲပါဘူး ... ကျနော် တို့ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ အားလုံး စည်းလုံး ညီညာစွာနဲ့  အတူတူလျှောက်လှမ်းကြမယ် ဆိုရင်တော့ .... ပွင့်သစ်နေခြည် လင်းလက်လာပေရော့မည် မဟုတ်ပါလားဗျာ။
No comments:
Post a Comment